လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းများ ရှောင်ရှားနည်း ပညာပေး‌ဟောပြောပွဲ မြိုင်မှာ ပြုလုပ်နေ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းတွေ ရှောင်ရှားနည်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဟောပြောပွဲကို ဩဂုတ် ၂၃ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တာလို့  ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းရဲ့ မဟာမိတ်နဲ့ ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ကိုကျော်ကြီးက ပြောပါတယ်။

အခုဟောပြောမှုအစီအစဉ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး  ဩဂုတ် ၁၉ ရက်ကစတင်ကာ ကျေးရွာတွေကို လှည့်လည်ပြီး ပြန်လည်ဟောပြောနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အညာဒေသမှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ပစ်ခတ်လို့ ထိခိုက်သေဆုံးတာတွေရှိတဲ့အပြင် တွေ့ရှိတဲ့ကျည်ဆန်တွေကို စမ်းသပ်ရာက ထိခိုက်သေဆုံးတာတွေရှိတဲ့အတွက်လည်း အသိပညာပေး‌ဟောပြောတာဖြစ်ပြီး လက်ရှိအချိန်အထိ ကျေးရွာ ၉ ရွာခန့်ကို ဟောပြောပြီးဖြစ်တယ်လို့ ပြောပါတယ်။

လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပထမအကြိမ်အသိပညာပေးဟောပြောမှုကိုလည်း ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီက မြိုင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ပြုလုပ်ခဲ့သလို ဟောပြောမှုတွေ ဆက်လက်‌ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မြိုင် #လေကြောင်းရန် #စစ်အကြွင်းအကျန် #ဟောပြောပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10