စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းခံရတဲ့ အကြောတက်ရောဂါသည်လူငယ် ဖမ်းထားချိန်သေဆုံး

စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းခံရတဲ့ အကြောတက်ရောဂါသည်လူငယ် ဖမ်းထားချိန်သေဆုံး

 

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ စစ်မှုထမ်းအဖြစ်အဓမ္မဖမ်းဆီးခံရတဲ့ အကြောတက်ရောဂါသည် လူငယ်တဦး သေဆုံးသွားတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ‌ညောင်ဝင်းအုပ်စု၊ လက်ပံပင်လေးရွာက အသက် ၃၃ နှစ်ဝန်းကျင် အကြောတက်ရောဂါသည် ကိုအောင်ဇင်ဦးကို ဩဂုတ် ၁၇ ရက်ညက စစ်ကောင်စီက နေအိမ်ကနေ အဓမ္မဖမ်းဆီးပြီး ချုပ်နှောင်ထားချိန်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရပြီး နောက်တနေ့ ဩဂုတ် ၁၈ ရက်မှာ သေဆုံးသူရဲ့ ဦးကြီးတော်စပ်သူ ပုတီးကုန်းမြို့အပိုင် ဝဲကြီးကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က ရဲစခန်းကိုလိုက်ကာ အကြောတက်ရောဂါရှိလို့ ပြန်လွှတ်ဖို့ ပြောဆိုပေမယ့် ဆက်လက်ဖမ်းထားတာလို့ ဆိုပါတယ်။ 

”ညနေရောက်မှ အလောင်းလာထုတ်ပါဆိုပြီး ပြောတာ။ ဒါတောင် ရဲစခန်းမှာသေတာမဟုတ်ဘဲ အိမ်‌ရောက်မှ သေတယ်လို့ ရဲကပြောခိုင်းတာ“ လို့  မြို့ခံတဦးက ပြောပါတယ်။

ဦးကြီးတော်တဲ့ ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် ထုတ်မရလို့ ကျောင်းကိုအပြန်မှာ သေဆုံးသူဟာ စိုးရိမ်စိတ်နဲ့ ကြောက်လန့်စိတ်တွေကြောင့် သေဆုံးတာဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီကျေးရွာအနီးနေထိုင်သူ ဒေသခံတဦးကလည်း ကိုအောင်ဇင်ဦး အလောင်းကို ဩဂုတ် ၁၉ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက် မနက်ကလည်း သဲကုန်းမြို့နယ်နဲ့ နယ်မြေထိစပ်နေတဲ့ ပေါင်းတည်မြို့က ရပ်ကွက် တခုမှာ  စစ်အုပ်စုက စစ်မှုထမ်းဖို့ ဖမ်းဆီးမှုတွေ ပြုခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သဲကုန်းမြို့ #စစ်မှုထမ်း #အဓမ္မဖမ်းဆီး #အကြောတက်ရောဂါ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10