ပေါင်းတည်က နေအိမ် ၂၁ လုံးကို စစ်တပ်ကမီးရှို့၊ ကား ဆိုင်ကယ်တွေလည်း ပျက်စီး (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂၁ လုံးကို  စစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါင်းတည်မြို့နယ်၊ ပျံချီတက်ရွာကို ဩဂုတ် ၂၀ ရက် မွန်းတည့်ချိန်လောက်က ပေါင်းတည်နဲ့ ပေါက်ခေါင်းဘက်ကလာတဲ့ တပ်မ ၆၆ လက်အောက်ခံ ပူးပေါင်းစစ်သား အင်အား ၁၀၀ ဦးခန့်က မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

မီးရှို့ခံရလို့ ပျံချီတက်ရွာက ဒေသခံနေအိမ် ၂၁ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး၊ ဝက် ၈ ကောင်နဲ့ လယ်ယာလုပ်ငန်းသုံးလှည်းတွေကိုလည်း ဖျက်ဆီးခဲ့တဲ့အပြင် ကျေးရွာသုံး ဆိုလာပြားတွေကိုလည်း ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မီးရှို့အပြီး မွန်းလွဲ ၂ နာရီလောက်မှာ အဲဒီစစ်ကြောင်းဟာ ပေါင်းတည်မြို့နယ် မြယာစမ်းရွာကတဆင့် ညောင်နီပင်ရွာအနီးက တောင်ကုန်းမှာယာယီစခန်းချနေပေမယ့် ဒေသခံတွေကတော့ ဩဂုတ် ၂၁ ရက် ဒီနေ့အထိ ကျေးရွာထဲကို ပြန်မဝင်ရဲသေးဘူးလို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့  ဩဂုတ်လဆန်းပိုင်းကလည်း ပေါင်းတည်မြို့နယ်နဲ့  နယ်မြေထိစပ်နေတဲ့ ပေါက်ခေါင်းမြို့နယ် အရှေ့ဘက် တက်ကောတဲတိုက်ထဲက နေအိမ် ၁၅  လုံးလောက်ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#‌မြေလတ်အသံ

#ပေါင်းတည် #စစ်တပ် #မီးရှို့ #နေအိမ် #ကား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10