ပေါက်ခေါင်းမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

ပေါက်ခေါင်းမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်က အုပ်ချုပ်ရေးမှူးတဦးကို ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီခွဲ လောက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃၆၀၁ PPDF က သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်ခေါင်းမြို့နယ်၊ ချောင်းကောင်းအုပ်စု၊ ချောင်းကောင်းရွာက အသက် ၅၀ အရွယ်  စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုကျောက်ဒိုး (ခ) ညွန့်နိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်  ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၃ နဲ့ ပေါက်ခေါင်း (ပကဖ)တို့က သူရဲ့အိမ်မှာပဲ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျောက်ဒိုးအိမ်က ပေါင်းတလည်ဂိတ်နဲ့နီးနေတော့ ပစ်ပြီးတန်းပြန်ဆုတ်ရတော့ ဘယ်တွေမှန်လဲ သေချာမသိရဘူး။ ပွဲချင်းပြီးတော့ သေသွားတယ် ”လို့ တပ်ရင်း ၃၆၀၁ PPDF  သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ကိုကျောက်ဒိုးဟာ စစ်ကောင်စီနဲ့ပေါင်းပြီးကျေးရွာအုပ်စုအတွင်းက ပြည်သူတွေကို အဓမ္မ စစ်မှုထမ်းဖို့ခေါ်တာ၊ ငွေတောင်းခံတာ၊ စစ်ကောင်စီအဖွဲ့တွေနဲ့ပေါင်းပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးတာတွေ လုပ်ပေးနေသူဖြစ်တာကြောင့် အ‌ရေးယူခဲ့တာလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

ဒါ့အပြင် ကျန်ရှိတဲ့အုပ်ချုပ်ရေးမှူးတွေလည်း စစ်ကောင်စီနဲ့ပေါင်းပြီး စစ်မှုထမ်းစု‌ဆောင်းတာ မလုပ်ကြဖို့နဲ့ လုပ်ဆောင်ပါက ပြင်းထန်စွာအရေးယူသွားမှာဖြစ်တယ်လို့ အသိပေးထားပါသေးတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ သစ်ရောင်းပြန်အုပ်စု အုပ်ချုပ်ရေးမှူး ကိုတင်လွင်ကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။       

ပုံစာ - သေဆုံးသူအုပ်ချုပ်ရေးမှူး ကိုကျောက်ဒိုး။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #ပေါက်ခေါင်း #အုပ်ချုပ်ရေးမှူး #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10