ပန်းတောင်းမှာ ရေကန်အတွင်း ရေမြုပ်မော်တာဆင်းချတဲ့လူငယ် ရေနစ်သေဆုံး

ပန်းတောင်းမှာ ရေကန်အတွင်း ရေမြုပ်မော်တာဆင်းချတဲ့လူငယ် ရေနစ်သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်မှာ လူငယ်တဦး ရေကန်အတွင်း ရေမြုပ်မော်တာဆင်းချရာက  ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်အုပ်စု၊ ရတနာပုံရပ်ကွက်၊ အလယ်တန်းကျောင်းအနောက်ဘက်ရှိ အများသုံးရေကန်မှာ ဩဂုတ် ၂၂ ရက် မနေ့ မနက် ၁၀ နာရီကျော်လောက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သေဆုံးသူဟာ ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူမြို့ နယ်က အသက် ၂၄ နှစ်အရွယ် ကို‌ကျော်ဇင်လင်းဖြစ်ပြီး  ဥသျှစ်ပင်အုပ်စုမှာ လွန်ခဲ့တဲ့ တလလောက်ကမှ ဆောက်လုပ်ရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

“ရေမြုပ်မော်တာကို ကန်ထဲဆင်းချရင်း ပေါ်မလာလို့  သူနဲ့လုပ်ဖော်ကိုင်ဖက်တွေ ရှာတော့မှ ရေကန်ထဲက ဒိုက်တွေအောက်မှာ သေနေတာ၊ တကိုယ်လုံးပြာနှမ်းနေတာ ရေနစ်သေတဲ့ပုံပဲ” လို့ မြို့ခံတဦးက ပြောပါတယ်။

အလောင်းကို ဥသျှစ်ပင်တိုက်နယ်ဆေးရုံရင်ခွဲရုံ ဆေးစစ်ချက်ယူဖို့ ပို့ဆောင်ထားပြီး ဥသျှစ်ပင်ရဲက သေမှုသေခင်းဖွင့်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက် ညနေကလည်း ပန်းတောင်းမြို့နယ်၊ ဖရုံကာအုပ်စု၊ ကျောက်ဇကွဲရွာအနီးက သူရဲတန်း ချောင်းကိုဖြတ်ကူးတဲ့ အသက် ၅၀ ကျော်အမျိုးသားတဦးလည်း ရေနစ်သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပန်းတောင်းမြို့ #လူငယ် #ရေနစ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10