ခန့်အောင်

"အဆုံးထိတော်လှန် ပြည်သူ့အားမာန်" (Photo News)

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်း၊ လက်ပံတောင်းဒေသ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေလည်းပါဝင်ပြီး "အဆုံးထိတော်လှန်ပြည်သူ့အားမာန်၊ စစ်ခွေးထွက်ပြေး ၂၀၂၄" စာသားအပါအ၀င် တော်လှန်ရေးဆောင်ပုဒ်တွေရေးသားတဲ့ ဘန်နာတွေကို ကိုင်ဆောင်ပြီး သပိတ်စစ်ကြောင်းလှည့်လည်ခဲ့ကြတာပါ။

မင်းလှမှာ  အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

“ဦးခေါင်းနဲ့ လည်ပင်းကို မှန်တာ ပွဲချင်းပြီးမသေဘူး။ ရန်ကုန်ဆေးရုံကို ချက်ချင်းပို့တာ မနေ့ည ၉ နာရီလောက်က သေသွားပြီလို့ သတင်းပြန်ကြားရတယ်“

နတ်တလင်းမှာ စစ်တပ်က စာသင်ဆောင်နဲ့ ယာတဲတွေကို မီးထပ်ရှို့နေ

“‌သင်ကြားလို့ အရှိန်ရနေတုန်းပဲရှိသေးတယ်။ စစ်ကြောင်းဝင်လာလို့ ကျောင်းကပိတ်လိုက်ရတာ။ ခုတော့ ကျောင်းလည်း မီးထဲထပ်ပါသွားပြီ“

ပေါင်းတည်က ဖမ်းဆီးခံအမျိုးသမီးရဲ့ နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

“သူ့ဖုန်းကို စစ်တဲ့အခါမှာ PDF ထောက်ပို့ (လုပ်တယ်ဆိုတာ) ပေါ်ပေါက်လို့ (ဆိုပြီး) သူနေတဲ့အိမ်ကို နိုင်ငံတော်ပိုင် သိမ်းဆည်းလိုက်တယ်ဆိုတာပဲ ကြားရတယ်”

နတ်တလင်းနယ်က နေအိမ် ၂၀ ကျော်ကို စစ်တပ်ကမီးထပ်ရှို့၊ ၁၀ ရက်အတွင်း နေအိမ် ၁၀၀ ကျော်အထိ မီးရှို့ခံထားရ

“ကရင်ဆင်ဆွဲရွာကို မီးရှို့တာ တနာရီခွဲလောက်ကြာတယ်။ မီးညွန့်ကြီးတွေက တောင်တွေကိုတောင်ကျော်ပြီး တက်လာတာ။ တဖုန်းဖုန်းနဲ့ ကျွန်းအိမ်ကြီးတွေပါသွားတာ”

ရေဦးက မီးဘေးသင့်သူတွေကို အနွေးထည်နဲ့ ခြုံစောင်တွေပေးဝေ

“ မီးထဲအကုန်ပါတော့ ဘာမှ မရှိတော့ဘူး။ ဆောင်းတွင်းလည်းဖြစ်တော့ ချမ်းချမ်းအေးအေးနဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပါ ပြေးကြရတော့ သူတို့အတွက် ဦးစားပေးပြီး လှူခဲ့ပါတယ်။ အညာဆောင်းကတော့ နှစ်တိုင်း အေးစမြဲပါ“

အုတ်ဖိုမှာ ပျူစောထီးလို့လူသိများတဲ့ လင်မယားနှစ်ဦး ရှင်းလင်းခံရ

အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ကျေးပင်အင်းရွာနေ ကိုသန်းနိုင်နဲ့ မခင်ဌေးမြင့်တို့ကို ဒီဇင်ဘာ ၂၈ ရက် ဒီမနက် ၅ နာရီခွဲလောက်မှာ သူတို့နေအိမ်မှာပဲ သေနတ်နဲ့ ၉ ချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌဟောင်း ကိုကျော်ရဲသူ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

”၂ မှုပေါင်းကို ထောင် ၁၅ နှစ်ချတာ။ အဲ့ဒီနေ့ပဲ အရင်ချုပ်ထားတဲ့ ပေါင်းတည်ထောင်ကို မထားတော့ဘဲ ပြည်ထောင်ကို တန်းပို့တယ် “

စစ်အုပ်စုက အမျိုးသား ၃ ဦးကိုဖမ်းပြီး နေအိမ်နဲ့ယာတဲတွေကို မီးရှို့

“ပျဉ်းမခေါင်ကို စစ်တပ်ဝင်လာလို့ စစ်ရှောင်ပြေးသွားတဲ့ ရွာသား ၃ ဦးကို လက်ပြန်ကြိုးတုပ် ရိုက်ပုတ်ခေါ်သွားတာ။ ဒီနေ့ (ဒီဇင်ဘာ ၂၇)ထိ သေလားရှင်လား သတင်းမကြားရသေးဘူး”

နတ်တလင်းမှာ နေအိမ်၊ စစ်ရှောင်တဲအပါအဝင် လူ ၇ ဦးကိုပါ စစ်တပ်က မီးရှို့သွား(ရုပ်/သံ)

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၄ ရက်အတွင်း ရစ်ကွင်းရွာ၊ လေးအိမ်တန်းရွာနဲ့ သရက်ချောင်းရွာ အလယ်စု၊ သဖန်းချောင်းရွာ အရှေ့စု၊ ညောင်လေးပင်ရွာနဲ့ ကွေ့ကြီးရွာ အနီးတဝိုက်က စစ်ရှောင်တဲတွေအပြင် ညောင်လေးပင်နဲ့ ကွေ့ကြီးရွာက နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

နတ်တလင်းမှာ နေအိမ်၊ စစ်ရှောင်တဲအပါအဝင် လူ ၇ ဦးကိုပါ စစ်တပ်က မီးရှို့သွား

“စစ်ကြောင်းက အကြောင်းမဲ့သက်သက်မီးလာရှို့သွားတာ နေစရာ၊ စားစရာတွေလည်း ကုန်ပြီ၊ အခုကတော့ တောထဲမှာ ထပ်ပုန်းနေရတယ်။ ဘယ်သူတွေကို ဖမ်းပြီးသတ်သွားတယ်တော့ မသိရသေးဘူး။ ကျမတို့ကလည်း တကွဲတပြားစီဖြစ်နေတာ စားသောက်နေထိုင်ရေးတွေလည်း ခက်ခဲနေတယ်” လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ရွှေဘိုက ပျူစောထီးစခန်းကိုသိမ်းပြီး အမျိုးသားအမျိုးသမီး ၆၀ ကိုကယ်ထုတ် (ရုပ်/သံ)

တိုက်ခိုက်မှုအပြီး ရဲ ၁ ဦးနဲ့ ပျူစောထီး ၁ ဦးကို သေဆုံးလျှက်တွေ့ရှိခဲ့ပြီး ကိုးလုံးကျည် လက်လုပ် ၅ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ဆိုင်ကယ်တို့ကို သိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း မြင်းချင်းရွာကနေ ကယ်ထုတ်ခဲ့တဲ့ အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၃၁ ဦးကိုတော့ ကောင်းမွန်စွာစောင့်ရှောက်ထားပြီး စိစစ်နေတယ်လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

အုတ်ဖိုမှာ တပ်သတင်းပေးပျူစောထီးလို့ သတင်းကြီးသူအမျိုးသား ဓားထိုးခံရပြီးသေဆုံး

“ခွေးတွေနဲ့ နီးတော့ သေနတ်နဲ့မပစ်ဘဲ ဓါးနဲ့တချက်ထဲထိုးလိုက်တာ ပွဲချင်းပြီးသေတယ်။ အလောင်းကို သူ့မိသားစုဝင်တွေပဲ လာကောက်သွားတယ် “

ဆားလင်းကြီးမှာ သပိတ်အင်အားစုတွေပေါင်းပြီး ဆန္ဒထုတ်ဖော် (photo news)

" သို့...တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်" စာသားကို ကိုင်ဆောင်ကာ ရန်ကုန်သပိတ်အင်အားစု၊ မန္တလေးသပိတ်အင်အားစု၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့နဲ့ ဆားလင်းကြီးမြို့နယ် ဒေသတွင်းရှိ သပိတ်အင်အားစုတွေ အားလုံးစုပေါင်းကာ ပြုလုပ်ခဲ့ကြတာတာလို့ ဆိုပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးနန်းတွင်းထဲကို ၁၀၇ မမ ရှော့ဒုံး ၆ လုံးနဲ့ပစ်ခတ်

“အဓိက ကတော့ သူတို့ အလုံခြုံဆုံးနေရာလို့ယူဆရတဲ့ နေရာထင်လို့ စစ်ရေးအရ ခြိမ်းခြောက်တဲ့ သဘောပါ။ သူတို့လုံခြုံပါတယ်ဆိုတဲ့နေရာမှာ စိတ်ဖြောင့်ဖြောင့် စိတ်အေးအေးနေလို့ မရဘူးဆိုတာကို သိစေချင်လို့ ပစ်ခတ်ခဲ့တာပါ “

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10