ခန့်အောင်

ဟားငါးကောင်အဖွဲ့က လူရွှင်တော် ဝိုင်းကျော် ၉၆ ပါးရောဂါနဲ့ကွယ်လွန်

“ကိုဝိုင်းကျော် ဒီမနက်ဆုံးတာ ဟုတ်ပါတယ်။ လာမယ့် မေလ ၂၄ ရက်မှာ ကျောင်းကြီး‌ကျောင်းကနေ သင်္ဂြိုဟ်မှာဖြစ်တယ်။ အချိန်တော့ မသတ်မှတ်ရသေးဘူး”

ဒု-ရဲတပ်ဖွဲ့မှူးသမီးဆီက ပစ္စည်းလုသွားသူတွေကို ၁ ပတ်ကြာအထိ မဖမ်းနိုင်သေး

“ ဘလေး(ဒုရဲမှူး)သမီးကို လုသွားတဲ့တရားခံတွေကို ဒီနေ့ထိ မမိသေးဘူး။ တပတ်ပြည့်နေပြီ ရဲတွေလည်းစုံစမ်းနေတုန်းလို့ပဲ ကြားတယ်။ ဆိုင်ကယ်ကတော့ လုတဲ့သူကထားပစ်ခဲ့လို့ ရဲတွေတွေ့သွားတာ သူတို့ရှာလို့ မဟုတ်ဘူး”

ပဲခူးအနောက်ခြမ်းမှာ နွေစပါးအသစ် ကျပ် ၁၆ သိန်းကျော်လောက်သာ ပေါက်ဈေးရှိ

”မနှစ်က နွေစပါးဈေးက ၁၅ သိန်းဝန်းကျင်ရှိတယ်။ အဲ့ဒီအချိန်မှာ ရွှေဈေးက ၁ ကျပ်သား သိန်း ၃၀ ဝန်း ကျင်မှာရှိတယ်။ အခုနှစ် စပါးဈေးက ကျပ် ၁၆ သိန်းကျော်ပေမယ့် ရွှေဈေးက သိန်း ၅၀ ဖြစ်နေတယ်။ လယ်သမားဘက်က တွက်ရင်ရှုံးတယ်”

ပေါင်းတည်မှာ မီးကြိုးကိုပါးစပ်နဲ့ကိုက်ခွာပြီး မီးပြင်တဲ့အမျိုးသား ဓါတ်လိုက်သေဆုံး

“ ပါးစပ်မှာ မီးကြိုးက ကိုက်လျက်သားနဲ့ သေနေတာ။ ပုံစံကြည့်ရတာ မီးကြိုးကာဗာကို ပါးစပ်နဲ့ကိုက်ခွာတဲ့ပုံပဲ။ မီးကလည်း မကြာခဏပြတ်လိုက်၊ လာလိုက်ဖြစ်နေတာ။ သတိလက်လွတ်ဖြစ်သွားပုံရတယ် "

မင်းလှ‌မြို့နယ်ထွေအုပ်နဲ့ ရဲစခန်းကို PDF ဗုံးသီးချတိုက်ခိုက်

”ထွေအုပ်ရုံးက စကစတွေ အိပ်တဲ့ နေရာကို ဗုံးကြဲချတာပါ။ စစ်**တွေက ဒရုန်းကို သေနတ်နဲ့ လိုက်ပစ်တယ်။ ရုံးအပြင်တော့ ထွက်မလာဘူး။ အဲ့ဒါနဲ့ ရဲစခန်းကို ထပ်ပြီးဗုံးကြဲခဲ့တာ“

ပြည်သူ့စစ်မဲပေါက်ပြီး မလိုက်လိုသူတွေကို အုပ်ချုပ်ရေးမှူးက ငွေ ၃ သိန်းတောင်း

“ခု မဲပေါက်တဲ့ မိသားစုတွေထဲမှာ အများစုက လက်လုပ်လက်စားသမားတွေ ဖြစ်နေကြတော့ မိသားစုတွေ ငိုယိုသူတွေနဲ့ စိတ်ဒုက္ခတွေရောက်နေကြတယ်”

မိုးရွာရန် အရှင်သခင်တင်မယ်ဆိုပြီး ပဒါန်းအုပ်ချုပ်ရေးမှူးက တအိမ်ကျပ်တထောင်ကောက်နေ

”မိုးခေါ် အရှင်သခင်တင်ဖို့ နတ်ပွဲ နှစ်ရက်ကမယ်လို့ပြောပြီး ငွေကောက်သွားတာ။ ဘယ်ရက်ကမယ် ပြောမသွားဘူး။ အဓိက,ကတော့ အကြောင်းအမျိုးမျိုးပြ အုပ်ကြီးလုပ်စားနေတာ”

ဒုရဲတပ်ဖွဲ့မှူးရဲ့သမီးဖြစ်သူ တရားရုံးစာရေးမ ပေါင်းတည်မြို့လယ်ခေါင်မှာ ဆိုင်ကယ်နဲ့ရွှေထည်ပစ္စည်းတွေ လုယက်ခံရ

“ လုသွားတဲ့သူက ဆိုင်ကယ်ကို ဘွဲ့ပင်ကန်ရပ်ကွက်ထဲက လယ်ကွင်းအနီးမှာထားခဲ့လို့ ရဲက အဲဒါပဲ ပြန်သိမ်းနိုင်တယ်။ လုတဲ့သူတွေကို ဒီနေ့အထိတော့မမိသေးဘူး။ ဓါးထောက်လုတယ်လို့ ပြောတယ်”

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိ

"ရှေ့ဆုံးက ပွိုင့်ထဲကို ၄၀ မမ ကျည်ကျပြီး ၁၀ ကောင်လောက် ထိသွားတာ။ ဒဏ်ရာရတဲ့ကောင်တွေကို လက်ပံတန်းကို ကားနဲ့ပြန်သယ်တုန်း လမ်းမှာ ၁ ကောင်သေတယ်လို့ သိရတယ်”

လက်ပံတန်းမှာ စစ်တပ်ပစ်တဲ့ ၄၀ မမ ဗုံးသီးထိလို့ အမျိုးသား ၁ ဦး ဒဏ်ရာရ

မေလ ၁၂ ရက် မနက် ၉ နာရီခွဲလောက်မှာ ရေငံကျေးရွာရှိ စစ်ကောင်စီတပ်သားတွေက ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ရာ ဆင်တလင်းအုပ်စု၊ ထန်းပင်ချောင်ရွာက အသက် ၆၀ နှစ်အရွယ် အမျိုးသားတဦး သူ့အိမ်ခြံဝင်းက ငှက်ပျောတောထဲမှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

ရှေ့တန်းပို့ခံရတဲ့ ကျေးလက်ကျန်းမာရေးမှူး ထွက်စာတင်ပြီး တိမ်းရှောင်ထွက်ပြေး

“အဲဒီ ကျန်းမာ‌ရေးမှူးက ရှေ့တန်းလိုက်ပြီး ကျန်းမာ‌ရေးစောင့်ရှောက်မှုပေးရမယ် စာထွက်လာလို့ ထွက်စာ တင်ပြီး ဖုန်းပိတ်ထွက်ပြေးသွားတာ။ ဘာအဆက်အသွယ်မှ မရတော့ဘူး။”

ပုံတောင် Tiger PDF လက်နက်ထုတ်အဆောက်အဦကို ပြည်သူအကူအညီနဲ့ ပြန်တည်ဆောက်

“မိုးတွင်းကာလရောက်သွားပြီဖြစ်လို့ ထုတ်လုပ်နေတဲ့ အချိန်မှာ မိုးမလုံရင် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ ပျက်စီးသွားနိုင်လို့ ပြန်ပြုပြင် ရတာပါ။ လိုအပ်တဲ့ ထန်းလက်နဲ့ သစ်သားတိုင်တွေကိုတော့ ဒေသခံတွေဆီက အလှူခံရတယ်။ အခု ပြင်ဆင်မှုဟာ သုံးနှစ်တာအတွင်း ပထမဆုံးအကြီးစား ပြင်ဆင်မှုပါ”

ဘုတလင်ရဲစခန်းကထွက်လာတဲ့ ဆိုင်ကယ်စီးစစ်သားကို PDF က စောင့်ကြိုပစ်ခတ်လို့ သေဆုံး

“အဲ့စစ်သားက အရပ်ဝတ်နဲ့ ကြောင်ပန်းလမ်းအတိုင်း မောင်းလာတာကိုသတင်းရလို့ စစ်ကောင်စီအထိုင်ဂိတ်နဲ့ မီတာ ၃၀၀အကွာလောက်ကနေ စောင့်ပစ်တာပါ။ ဘာလုပ်ထွက်လာတာလဲတော့ မသိရဘူး“

မြင်းခြံမှာ လက်နက်ဆောင်ထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ နောက်လိုက်တဦး ပစ်သတ်ခံရ

“လက်ဖက်ရည်ဆိုင် ရှေ့နားလမ်းပေါ်မှာ သုံးယောက်သား စကားပြောနေတုန်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ နှစ်ဦးက နေရာမှာ လဲကျပြီး တဦးကထွက်ပြေးသွားတယ်။”

ပဲခူးအနောက်ခြမ်းမှာ ပြည်သူ့စစ်အဖြစ် အဓမ္မစုဆောင်းခံရသူတွေကို စစ်သင်တန်းတက်ဖို့ ရှမ်းပြည်ကိုပို့

“ဘွဲ့ရလူငယ်တွေက ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးတပ်မြို့က တိုက်ခိုက်ရေးလေ့ကျင့်ရေးကျောင်းမှာ စစ်သင်တန်းတက်ရမယ်။ ဘွဲ့မရသူတွေကတော့ ရှမ်းပြည်နယ်ထဲက တိုက်ခိုက်ရေး လေ့ကျင့်ရေးကျောင်းတွေကို ပို့ဆောင်မှာလို့ ပြောတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10