ပေါင်းတည်မှာ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ပေါင်းတည်မှာ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာအနီးမှာ စစ်ကောင်စီအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်းက ဇူလိုင် ၁၄ ရက် ဒီနေ့မှာထုတ်ပြန်ထားပါတယ်။ 

ပေါင်းတည်မြို့နယ်၊ ပဲခူရိုးမတောင်ခြေရှိ၊ သစ်ပုတ်ရွာ တာဝါတိုင်အနီး တပ်စွဲနေတဲ့ စစ်ကောင်စီအဖွဲ့တွေထဲက ၅ ဦးလောက်ဟာ လမ်းလျှောက်ထွက်လာချိန် ဇူလိုင် ၁၂ ရက်နေ့လယ် ၂ နာရီခွဲလောက်မှာ သစ်ပုတ်ရွာအစပ်တောင်ကုန်းပေါ်အရောက် မိုင်းကွင်းစောင့်လာတဲ့ ကာကွယ်ရေးရဲဘော်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။  

 “ကျနော်တို့ကလည်း တောင်ကုန်းပေါ်ကိုတက်လို့ ‌ရောက်တဲ့အချိန်မှာ တဖက်တောင်ကုန်းကြောကနေ  စစ်သား ၃ ယောက် သေနတ် ၁ လက်နဲ့တက်လာတာကို ရုတ်တရက်တွေ့လို့ လက်ဦးမှုယူပြီး ဝိုင်းပစ်တာမှာ ထိကုန်တာ” လို့  ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာသူလည်း ရှိခဲ့ကာ သေဆုံးအလောင်းနဲ့ ဒဏ်ရာရသူတွေကိုတော့ ကျန်တဲ့စစ်သားတွေက သစ်ပုတ်ရွာက စစ်ကောင်စီစခန်းကို ပြန်သယ်သွားတယ်ဆိုတာကို မြေပြင်ကင်းထောက်တွေဆီက သိရတယ်လို့ အထက်ပါပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ 

ဒီပစ်ခတ်မှုကို ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က စစ်ရေးအရှိန်မြှင့်တင်လာပြီဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အတူတကွနေထိုင်သွားလာတာတွေကို မပြုလုပ်ဖို့ကိုလည်း PPDF တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက် ည ၁၀ နာရီခွဲကျော်ကလည်း ပေါင်းတည်မြို့နယ်နဲ့ နယ်မြေထိစပ်တဲ့ နတ်တလင်းမြို့နယ်အရှေ့ဘက် တောင်ညိုရဲစခန်းကနေ ဆိုင်ကယ်နဲ့ ကင်းလှည့်ထွက်လာတဲ့ ရဲနဲ့ ပျူစောထီးတွေကို နတ်တလင်းအခြေစိုက် Phoenix DF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - ပေါင်းတည်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #စစ်ကောင်စီ #တိုက်ခိုက်ခံရ #စစ်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10