နုတ်ထွက်ထားကြောင်းသတင်းလွှင့်ပြီး စစ်တပ်ကိုသတင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို PDF ရှင်းလင်း

နုတ်ထွက်ထားကြောင်းသတင်းလွှင့်ပြီး စစ်တပ်ကိုသတင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို PDF ရှင်းလင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်ထားပါတယ်။ 

သေနတ်နဲ့ပစ်သတ်ခံရသူဟာ အုတ်ဖိုမြို့နယ်၊ ချောင်းခွ(‌ဂျီ)အုပ်စု အုပ်ချုပ်ရေးမှူး ကိုချစ်ကို ဖြစ်ပြီး ဇူလိုင် ၈ ရက် ဒီမနက် ၁၀ နာရီ‌ခန့်မှာ သူပိုင်လယ်ကွင်းကို လာရောက်စဉ် သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“ သူကအဖော်တဦးကိုတင်ပြီး ဆိုင်ကယ်မောင်းလာတာကို သူ့ကိုပဲရွေးပြီးပစ်ခဲ့တာပါ။ ပွဲချင်းပြီး သေပါတယ်။ အပြစ်မဲ့တဲ့သူကိုတော့ အန္တရာယ်မပြုပါခဲ့ဘူး။ တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းပါတယ်။“ လို့  တပ်ခွဲရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ကိုချစ်ကိုဟာ အုပ်ချုပ်‌ရေးမှူးအဖြစ်က နုတ်ထွက်ထားတယ်လို့ သတင်းလွှင့်ပြီး တော်လှန်ရေးရဲဘော်တွေရဲ့သတင်းကိုစုံစမ်းပြီး စစ်တပ်ကို သတင်းပေးတာနဲ့ စစ်မှုထမ်းဖို့လူစုတာ၊ ခြိမ်းခြောက်ငွေတောင်းတာတွေလုပ်နေလို့ အရေးယူခဲ့တာလို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးအုပ်ချုပ်ရေးမှူးအလောင်းကို မနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်သားတွေက လာရောက်ကောက်ယူသွားတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ရွာရှောင်ကုန်းရွာက စစ်မှုထမ်းစုဆောင်းတဲ့အပြင် စစ်တပ်ကို သတင်းပေးနေတယ်လို့ သတင်းထွက်နေတဲ့ စစ်တပ်အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး (ခ) စောခူထူး သူ့ရဲ့နေအိမ်မှာပဲ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။

ပုံစာ - သေဆုံးသူ ချစ်ကိုအလောင်း။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ရှင်းလင်း #မြေအောက်ပြောက်ကျားတပ်ဖွဲ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10