ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနား ကျောင်းသားတပ် ABSDF ကျင်းပ (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF  Column 3 က ဇူလိုင် ၇ ရက် ဒီကနေ့မှာကျရောက်တဲ့ ၆၂ နှစ်မြောက် ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ခြင်းအခမ်းအနားကို တပ်ရင်း ၁၂၊ ယောဒေသတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၆၂၊ ဇူလိုင်လ ၇ ရက်မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားရဲဘော်များနဲ့  ခေတ်အဆက်ဆက် အာဏာရှင်ဆန့်ကျင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အလံတဝက်လွှင့်ထူတာနဲ့ ကျဆုံးရဲဘော်တွေကို အလေးပြုတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၆၂၊ ဇူလိုင်လ ၇ ရက် ကျောင်းသားအရေးအခင်းမှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့စစ်တပ်က ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲဖျက်ဆီးခဲ့သလို ကျောင်းသားတွေကို ပစ်ခတ်ဖြိုခွင်းခဲ့လို့ အများအပြားကျဆုံး၊ ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ABSDF #7July #အခမ်းအနား #အောက်မေ့ဖွယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10