PDA က ကျဆုံးရဲဘော် ၁ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

 

မကွေးတိုင်းထဲမှာအခြေစိုက်တဲ့ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ (PDO)/ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)က ကျဆုံးရဲဘော်ရဲ့ ၁ နှစ်ပြည့် ဂုဏ်ပြုအထိမ်းအမှတ်ပွဲကို ကျင်းပခဲ့တယ်လို့  PDO/PDA ရဲ့  နိုင်ငံရေးမှူးက ပြောပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)၊ အမှတ် ၄ စစ်ဒေသမှူး၊ ရဲဘော် VJ ကျဆုံးခြင်း အထိမ်းမှတ်ပွဲကို PDO/PDA စစ်ဒေသတိုင်းတခုဖြစ်တဲ့ ပခုက္ကူခရိုင်ထဲက တနေရာမှာ  ဇူလိုင် ၃ ရက်က ကျင်းပခဲ့တာလို့ ဆိုပါတယ်။

ရဲဘော် VJ  ဟာ အသက် ၂၇ နှစ်အရွယ် လူပျိုတဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၃ ရက်က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးစစ်မေး သတ်ဖြတ်တာကိုခံခဲ့ရပါတယ်။

အဲဒီ ဂုဏ်ပြုအမှတ်တရပွဲကို PDO/PDA ဥက္ကဌနဲ့ တပ်ဖွဲ့ဝင်တွေတက်‌ရောက်ကြတယ်လို့ သိရပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ (PDO)/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)ကို ၂၀၂၁ ဧပြီ ၁ ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကျောင်းသားလူငယ်တွေ၊ အလုပ်သမားလူငယ်တွေနဲ့ နေရာပေါင်းစုံက အမှန်တရားကို လိုလားသူတွေနဲ့ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #PDO #PDA #ကျဆုံးရဲဘော် #တနှစ်ပြည့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10