စစ်တပ်ကို လက်နက်နဲ့ရိက္ခာပို့လေ့ရှိတဲ့ ပေါင်းတည်ကအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

စစ်တပ်ကို လက်နက်နဲ့ရိက္ခာပို့လေ့ရှိတဲ့ ပေါင်းတည်ကအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁၊ PPDF တပ်ရင်းဆီက သိရပါတယ်။ 

ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စု၊ သိမ်ကုန်းရွာနေ အသက် ၄၂ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဂျင်မီ (ခ) ကိုရဲမင်းဌေးကို ဇူလိုင် ၄ ရက် ညနေ ၄ နာရီခွဲလောက်မှာ ပျဉ်ကြီးရွာနဲ့ သိမ်ကုန်းရွာကြားမှာ သေနတ်နဲ့ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

“အုပ်ကြီးက အပ်ပုန်း(တရားမဝင်ဆေးကုသခြင်း)လည်း ဆေးကုတယ်။ အိမ်ကနေဆိုင်ကယ်နဲ့ဆေးကုသွားတုန်း လမ်းကနေ စောင့်ပြီးရှင်းခဲ့တာ။ ပွဲချင်းပြီးသေတယ် “လို့ ၃၆၀၁ PPDF တပ်ရင်းမှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ပြီးနောက် ကိုဂျင်မီဆီကနေ ဆေးအိတ် ၁ လုံး၊ မှတ်ပုံတင်ကတ် ၁ ခုနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းခဲ့ပြီး အဲဒီနေ့ ည ၇ နာရီလောက်မှာ အလောင်းကို သူ့မိသားစုတွေက လာသယ်သွားတယ်လို့ ဆိုပါတယ်။ 

ကိုဂျင်မီကို အုပ်ချုပ်ရေးမှူးကနေနုတ်ထွက်ပြီး ပြည်သူနဲ့ပေါင်းဖို့ အကြိမ်ကြိမ်သတိပေးတဲ့ကြားက နုတ်မထွက်ဘဲ စစ်ကောင်စီနဲ့ပေါင်းပြီး အုပ်စုအတွင်းကပြည်သူတွေအပေါ် အာဏာပြဗိုလ်ကျတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ နေအိမ်တွေကိုဖျက်ဆီးပြီး ပစ္စည်းတွေကိုသိမ်းယူတာ၊ သိမ်ကုန်းရွာရှိ တာဝါတိုင်မှာ စောင့်နေတဲ့ စစ်သားတွေကို တလကို ၂ ကြိမ်ထက်မနည်း စားဝိုင်းသောက်ဝိုင်းတွေပြုလုပ်ပေးတာအပြင် စစ်ကောင်စီတပ်ကို လက်နက်ခဲယမ်းနဲ့ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးနေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

PPDF တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက် မနက်ကလည်း သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲတိုက်နယ်၊ ဇီးကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲ၊ ထွေအုပ်၊ စည်ပင်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့ လမ်းဘေးသစ်ပင်စိုက်ပွဲကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။

ပုံစာ - သေဆုံးသူနှင့် သိမ်းဆည်းရရှိခဲ့သည့် ပစ္စည်းများ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #အုပ်ချုပ်ရေးမှူး #ပစ်ခတ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10