တပ်ဖွဲ့ရိက္ခာနဲ့ ဒေသခံတွေစားဖို့ သီးနှံတွေကိုယ်တိုင်စိုက်ပျိုးနေတဲ့ PLA (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အခြေစိုက်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) တပ်ဖွဲ့ဟာ တပ်ဖွဲ့ရိက္ခာနဲ့ ဒေသခံတွေစားသုံးဖို့ သီးနှံတွေကို စိုက်ပျိုးထားတယ်လို့ တပ်ဖွဲ့ဝင်ရဲဘော်လင်းပွင့် က ပြောပါတယ်။

ဆီထွက်သီးနှံ မြေပဲ၊ ပဲစဉ်းငုံနဲ့ ပြောင်းအပါအဝင် ၁၅ ဧကလောက်ကို တပ်ဖွဲ့ဝင်ရဲဘော်တွေက ပြီးခဲ့တဲ့ မေလ ကုန်က စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။

စိုက်ခင်းတွေမှာ မိုးနဲ့အတူ ပေါင်းမြက်တွေပေါက်လာလို့ ဇွန်လတတိယပတ်ကတော့ ပေါင်းသတ်တာ၊ လိုအပ်တဲ့ ဆေးဖြန်းတာတွေကိုလည်း ပြုလုပ်ခဲ့ရသေးတယ်လို့  ဆိုပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဟာ တပ်ဖွဲ့ရိက္ခာအတွက် ရာသီပေါ် သီးနှံတွေအပြင် နှစ်ရှည်သီးနှံပင်တွေလည်း စိုက်ပျိုးထားပြီး ကြက်သွန်၊ ခရမ်းချဉ်စတဲ့ သီးနှံပင်တွေကိုလည်း အလှည့်ကျ စိုက်ပျိုးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #PLA #ရိက္ခာ #စိုက်ပျိုးရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10