ခန့်အောင်

သာယာဝတီမှာ သမချေးငွေမဆပ်တဲ့ ရွာသား ၃ ဦးထက်မနည်း အဖမ်းခံထားရ

“ဘာမှရှင်းပြလို့ မရဘူး။ ကားပေါ်ဆွဲတင်ပြီး သာယာဝတီမြို့နယ် စံရွေးရဲစခန်းကို ဖမ်းသွားတာ ခုထိပြန်မလွှတ်သေးဘူး။"

ကနီမှာ စစ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်၊ ကျပ်သိန်း ၅၀ ချီးမြှင့်သွားမည်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်သားတဦး ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF ကျောက်လုံးကြီးဆီကို လက်နက်နဲ့အတူ ကျည်ဆံတွေနဲ့ အလင်းဝင်လာတာလို့ တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

ပြည်နဲ့ပေါင်းတည်ထောင်က ထောင်ကျစစ်သားဟောင်းတွေကို စစ်တပ်ကခေါ်ထုတ်သွား

“စစ်စည်းကမ်းဖောက်ပြီး ထောင်ကျနေတဲ့ လွတ်ရက်နီးသူရော ဝေးတဲ့သူရော စစ်တပ်က တာဝန်ပြန်ထမ်းဆောင်ပါမယ်လို့ လက်မှတ်ထိုးခိုင်းပြီး ထောင်ရှေ့ ကားဖင်ထိုးပြီးခေါ်ထုတ်သွားတာ။ ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး “

ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သား သေနတ် ၂ လက်နဲ့ အလင်း၀င်လာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားတဦး သေနတ် ၂ လက်အပြင် လက်နက်ခဲယမ်းမျိုးစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ တပ်ရင်း ၁၆ တပ်ခွဲ ၃ သမန်းကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေဘိုနဲ့ အရာတော်မှာ စစ်သားနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

NUG နဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံတဲ့ တော်လှန်ဆွမ်းဆန်စိမ်းအလှူ

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုတဲ့အနေနဲ့ မြို့နယ်အတွင်း ကျေးရွာ ၅ ရွာက သံဃာတော်အပါး ၃၀ ကို ပင့်ဖိတ်ကာ ဒေသခံပြည်သူ ၂၀၀ ကျော်၊ ရပ်ကျေး ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ခင်ဦးသတင်းမှန်ပြန်ကြားရေးတို့ ဦးဆောင်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူတာလို့ ဆိုပါတယ်။

ပဲခူးအနောက်ခြမ်းမှာ NLD ရပ်ကျေးအမှုဆောင်နဲ့ ပါတီဝင်အချို့ ဆက်တိုက်ဖမ်းခံနေရ

“တော်လှန်ရေးရဲ့ အရှိန်ကို ဘယ်လိုမှ ထိမ်းမရတော့ ပြည်သူ့တော်လှန်ရေးကိုမနိုင်တော့ ပြည်သူကိုကျတော့လည်း တံဆိပ်ကပ်မရတော့ ဘာမှမလုပ်တဲ့ NLD ပါတီဝင်တွေ၊ အနီလို့ ထင်တဲ့သူတွေကို ပတ်မဲနေတာ။" လို့ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီမြို့ခံ ပါတီဝင်တဦးက သုံးသပ်ပါတယ်။

ABSDF ထံ ပျူစောထီး ၁ ဦး ကျည်ဆံမျိုးစုံအပါ သေနတ် ၁ လက်နဲ့ အလင်းဝင်

"ကျောင်းသားတပ်မတော် အမှတ် ၃ စစ်ကြောင်းရဲ့တပ်ရင်းတွေကို အခုလို လက်နက်နဲ့တကွအလင်းဝင်လာတာ ပထမဦးဆုံးဖြစ်ပြီး လက်ရှိမှာဆုကြေးမပေးနိုင်သေးဘဲ အလှူခံနေဆဲဖြစ်တယ်"

ပေါင်းတည်မှာ စစ်တပ်အထိုင်ချတဲ့ ရွာက ပျူစောထီးဆိုသူ ရှင်းလင်းခံရ

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာက အသက် ၄၀ အရွယ် ကိုလှနိုင်ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် မနေ့ည ၁၁ နာရီလောက်က သစ်ပုတ်ရွာတောင်ဘက် ၁ ဖာလုံခန့်အကွာမှာ တပ်ရင်း ၃၆၀၁ (PPDF)ရဲ့ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၅ က ရဲဘော်တွေက ရှင်းလင်းခဲ့ကာ လက်ကိုင်ဖုန်းတလုံးကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

အုတ်ဖိုမှာ ဖမ်းမိတဲ့စစ်သား ထွက်ပြေးလို့ အသေပစ်ခတ်ဖမ်းဆီးရ

“ ကောင်းကောင်းမွန်မွန် စစ်မေးနေတာကို ရဲဘော်တွေအိပ်နေတုန်း ထွက်ပြေးလို့ အသေပစ်ခတ် ဖမ်းဆီးလိုက်ရတာ။ သူ့ဆီက စစ်မေးစရာတွေ မကုန်သေးဘူး “

ပေါင်းတည်က စစ်ကောင်စီခန့် ရာအိမ်မှူးတဦး သေနတ်နဲ့ ပစ်သတ်ခံရ

“သူ့ကို(ကိုခင်မောင်ဝင်း) လုပ်ဖို့သွားတာကို သူက ကျနော်တို့ကို အိမ်ထဲကနေ ဓါးနဲ့ထွက်ခုတ်တာကို ပစ်လိုက်တာမှာ ခေါင်းကို တချက် ရင်ဘတ်ကိုထိပြီး ပွဲချင်းပြီး သေသွားတာ"

ကြို့ပင်ကောက်မှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

“အရက်ကြောင့် စိတ်ကစဉ့်ကလျားဖြစ်ပြီး ကြိုးဆွဲချသွားတာပါ။ ဇနီးနဲ့ ကလေးတဦးကျန်ခဲ့တယ်”

တောင်ငူလေတပ် ဒရုန်းနဲ့ဗုံးကြဲခံရမှု လေယာဉ်ဂိုဒေါင်ရှေ့ပေါက်ကွဲ (ရုပ်/သံ)

ဒရုန်းဖျက် Jammer တွေတပ်ဆင်ထားတဲ့ လေယာဉ်ကွင်းကို အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လေယာဉ်ဂိုဒေါင်ရှေ့နေရာကို ကျရောက်ပေါက်ကွဲပြီး လေယာဉ်ပြုပြင်တဲ့ အနီးက ကားတစီးရှေ့ပိုင်းပျက်စီးပြီး လေယာဉ်ဂိုထောင်ဘေးတခြမ်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နတ်တလင်းမှာ စစ်အုပ်စု တိုက်ခိုက်ခံရ

“မိုင်းဆွဲခံရတော့ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပြီး လဲကျနေတဲ့ သူ့လူ(စစ်သား)တွေကို ဆွဲယူနေတာတော့ မြင်လိုက်ရတယ်”

ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်

“အရှေ့ဘက်ကနေ ရဟတ်ယာဉ်သံကြားတော့ လတ်တလောတော့ ကြောက်သွားတာ။ ကျနော်တို့လည်း AK နဲ့ပြန်ပစ်တာပေါ့။ သူတို့(ရဟတ်ယာဉ်)ကလည်း ၅ မိနစ်လောက်ပစ်ပြီး လှည့်ပြန်သွားတယ် “

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10