သဲကုန်းက အုပ်ချုပ်ရေးမှူးနဲ့ ပေါက်ခေါင်းက ရာအိမ်မှူး တရက်တည်း အသတ်ခံရ

သဲကုန်းက အုပ်ချုပ်ရေးမှူးနဲ့ ပေါက်ခေါင်းက ရာအိမ်မှူး တရက်တည်း အသတ်ခံရ

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းနဲ့ပေါက်ခေါင်းမြို့နယ်က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့  ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၆၀နှစ်ကျော်အရွယ် ပေါက်ခေါင်းမြို့နယ်၊  ကြို့ပင်ဝိုင်းအုပ်စုအုပ်ချုပ်ရေးမှူး ညွှန့်စိုးနဲ့ သဲကုန်းမြို့နယ်၊ဓါးသွေးကျောက် ရွာက အသက်  ၄၈ နှစ်အရွယ် ရာအိမ်မှူး အောင်ဝင်းတို့ဖြစ်ပြီး ကိုညွှန့်စိုးဟာ ကြို့ပင်ဝိုင်းရွာနေအိမ်ကနေ ပေါင်းတလည်မြို့ကို ဆိုင်ကယ်နဲ့သွားချိန် မေလ ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်ခဲ့လို့  ဦးခေါင်းထိမှန် သေဆုံးတာလို့  ဆိုပါတယ်။

အလားတူ ဓါးသွေးကျောက်ရွာက ရာအိမ်မှူး ကိုအောင်ဝင်းကိုတော့ အဲ့ဒီနေ့ည ၇ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက နေအိမ်အတွင်းထိဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“ သူတို့ ၂ ဦးရဲ့ လုပ်ရပ်တွေက တော်လှန်ရေးရဲဘော်တွေအပေါ်မှာ တော်တော်များနေပြီ။ ဒါ့ကြောင့်စစ်ရေးလိုအပ်ချက်အရ ရှင်းလင်းခဲ့ရတာပါ “  လို့  ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနဲ့သတင်းပြန် ကြားရေးတာဝန်ခံက ပြောပါတယ်။

ကိုညွှန့်စိုးရဲ့  အလောင်းကို မေလ ၃၁ ရက် ညနေ ၄ နာရီလောက်မှာ ပေါက်ခေါင်းမြို့နယ်ထဲကစစ်သားနဲ့ ရဲတွေက လာရောက်သယ်သွားပြီး ကိုအောင်ဝင်းရဲ့အလောင်းကိုတော့  ဇွန် ၁ ရက် မနက် ၉ နာရီလောက်မှာ သဲကုန်းမြို့နယ်ဘက် စစ်သားနဲ့ရဲတွေကပဲလာရောက်သွားကာ ဘယ်ကို သယ်သွားတယ်ဆိုတာတော့မသိရဘူးလို့  ဆိုပါတယ်။

ရာအိမ်မှူး ကိုအောင်ဝင်းမှာ ကျေးရွာအုပ်စုထဲကလူငယ်တွေကို စစ်မှုထမ်းဖို့အဓမ္မစုဆောင်းတာ၊ လောင်းကစားဝိုင်း‌‌ထောင်တာ၊  စစ်ကောင်စီကို သတင်းပို့တဲ့အတွက်  တော်လှန်‌ရေးရဲဘော်သုံးဦး ဖမ်းဆီးခံရပြီး၊ တဦးမှာ စစ်ကြောရေးမှာ သေဆုံးခဲ့တာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ကိုညွှန့်စိုးမှာလည်း ကျေးရွာအုပ်စုအတွင်းကလူငယ်တွေကို စစ်မှု ထမ်းဖို့အဓ္မစုဆောင်းတာ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့သတင်းကို စစ်ကောင်စီဆီကို တိုင်ကြားတဲ့အတွက်  ရဲဘော်အချို့စစ်ကောင်စီရဲ့ဖမ်းစီးတာကိုခံခဲ့ရတယ်လို့  ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက   စစ်ကောင်စီရဲ့အုပ်ချုပ်ရေးပစ်မှတ်တွေကို  အဓိကထားအရေးယူနေတဲ့အတွက်  ကျန်ရှိတဲ့အုပ်ချုပ်ရေးမှူးတွေအနေနဲ့  အမြန်ဆုံးနုတ်ထွက်ဖို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါသေးတယ်။

သဲကုန်းမြို့နယ်က ရာအိမ်မှူးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၃ Wisdom  2အဖွဲ့တို့က ရှင်းလင်းခဲ့တာဖြစ်ပြီး  ပေါက်ခေါင်းမြို့နယ်၊ကြို့ပင်ဝိုင်းအုပ်စုအုပ်ချုပ်ရေးမှူးကိုတော့  ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ  ၁(ဆောင်းခိုငှက်)နဲ့  ပေါက်ခေါင်းမြို့နယ်ပကဖအဖွဲ့တို့က ပူးပေါင်းရှင်းလင်းခဲ့တာလို့  သိရပါတယ်။

ပြီးခဲ့တဲ့  မေလ ၂၃ ရက်ကလည်း သဲကုန်းမြို့နယ် ညောင်ကုန်းအုပ်စု အင်ပင်လှရွာက အုပ်ချုပ်ရေးမှူး ကိုမျိုးထွန်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ Wisdom 2 အဖွဲ့က သေနတ်နဲ့  ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - ပေါက်ခေါင်းမြို့နယ်  ကြို့ပင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူးအလောင်း။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူးအနောက် #ရာအိမ်မှူး #အုပ်ချုပ်ရေးမှူး #အသတ်ခံရ #PPDF #စစ်ရေးပစ်မှတ် #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10