ပြည်မြို့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဘုရားကြီးစေတီကို မီးသတ်ပိုက်နဲ့ရေဖြန်းမှုအပေါ် ဝေဖန်မှုတွေရှိနေ
“ရှေးဟောင်းယဉ်ကျေးမှုဌာနအနေနဲ့ ဒီထက်ပိုပြီး အမွေအနှစ်တွေကို ထိန်းသိမ်းဖို့လိုသလို ရှေးဟောင်းဘုရားတွေကို ရေလောင်းဖို့ ခွင့်ပြုရန် သင့်မသင့် သူတို့ကပိုသိမှာပါ။ အရင်ကတော့ ဒီလိုရေဖြန်းတာ မကြားဖူးဘူး။ အခုတောင် လိုင်းပေါ်တွေ့လို့။ တကယ်တော့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲ လူတွေမသိဘဲတော့ လုပ်လို့ရမယ်မထင်ဘူး။ ရှေးဟောင်းအမွေအနှစ်တွေ နားမလည်ဘဲ ဘုရားဂေါပကတွေ လျှောက်မလုပ်သင့်ဘူး။ အမွေအနှစ်တွေမပျက်စီးအောင် ထိန်းသိမ်းဖို့ လိုပါတယ်”