စလင်းပကဖရဲ့ အပတ်စဉ် ၂ တိုက်ခိုက်ရေးနဲ့နိုင်ငံရေး သင်တန်းဆင်းပြီ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဉ် ၂ တိုက်ခိုက်ရေးနဲ့နိုင်ငံရေး သင်တန်းဆင်းပွဲကို စလင်းမြို့နယ်၊ စိုးမိုးနယ်မြေ ဇုံ ၃ တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သတင်းတာဝန်ခံ ရဲဘော်အောင်ဆန်းက ပြောပါတယ်။

သင်တန်းသား၊ သင်တန်းသူ အမျိုးသား အမျိုးသမီး ၃၀ ကျော်နဲ့ ဧပြီ  ၃ ရက်ကနေ မေ  ၁၉ ရက်အထိ ပြုလုပ်ခဲ့တာပါ။

အဲဒီ သင်တန်းဆင်းပွဲကို စလင်းမြို့နယ် ဇုံ ၃ တိုက်နယ်တာဝန်ခံနဲ့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  တာဝန်ခံတွေ တက်ရောက်ခဲ့တယ်လို့  ပြောပါတယ်။

စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အပတ်စဉ် ၁ တိုက်ခိုက်ရေး၊ စစ်အခြေခံသင်တန်းကိုလည်း ပြီးခဲ့တဲ့ မတ် ၁ ရက်ကနေ ဧပြီ ၁၇ ရက်အထိ ပြုလုပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူဦးရေ ၄၀ ဝန်းကျင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စလင်း #ပကဖ #တိုက်ခိုက်ရေး #နိုင်ငံရေး #သင်တန်းဆင်းပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10