ဟားငါးကောင်အဖွဲ့က လူရွှင်တော် ဝိုင်းကျော် ၉၆ ပါးရောဂါနဲ့ကွယ်လွန် (ရုပ်/သံ)

“ဟားငါးကောင်” အငြိမ့်အဖွဲ့မှ လူရွှင်တော်ဝိုင်းကျော် မေ ၂၂ ရက် ဒီမနက် ၁၁ နာရီလောက်မှာ ၉၆ ပါးရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သူရဲ့မိတ်ဆွေတဦးဆီက သိရပါတယ်။ 

ကိုဝိုင်းကျော်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံကြီးမှာ တက်ရောက်ကုသရင်း ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။

“ကိုဝိုင်းကျော် ဒီမနက်ဆုံးတာ ဟုတ်ပါတယ်။ လာမယ့် မေလ ၂၄ ရက်မှာ ကျောင်းကြီး‌ကျောင်းကနေ သင်္ဂြိုဟ်မှာဖြစ်တယ်။ အချိန်တော့ မသတ်မှတ်ရသေးဘူး” လို့ ကိုဝိုင်းကျော်ရဲ့မိတ်ဆွေရင်းတဦးဖြစ်တဲ့ CDM ဗိုလ်မှူးတင်လင်း‌အောင်က ပြောပါတယ်။

ကိုဝိုင်းကျော်ဟာ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့သူဖြစ်ပြီး လွတ်မြောက်နယ်မြေကနေ တော်လှန်အငြိမ့်ကပြဖျော်ဖြေတာနဲ့ တော်လှန်ရုပ်ရှင်ဇာတ်လမ်းတိုရိုက်ကူးတာတွေ ပြုလုပ်ခဲ့ပါတယ်။

တည်းဖြတ် - HP

မြေလတ်အသံ

#ဟားငါးကောင် #ဝိုင်းကျော် #လူရွှင်တော် #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10