တိုက်ပွဲဝင်မယ့် ရဲဘော်တွေကို စခန်းသွင်းလေ့ကျင့်နေတဲ့ ကျားသစ်နက်တပ်မတော် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက တနေရာမှာ အခြေခံစစ်သင်တန်းဆင်းပြီးသား သင်တန်းဆင်း PDF ရဲဘော်တွေကို စုဖွဲ့ကာ စခန်းသွင်းလေ့ကျင့်မှုပြုလုပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က ဆိုပါတယ်။ 

ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်းက ရဲဘော် ၂၅  ဦးကို မေ ၁၈ ရက်မှာ စခန်းသွင်း စုဖွဲ့လေ့ကျင်မှုတွေ ပြု လုပ်ပေးနေတာဖြစ်တယ်လို့ ရဲ‌ဘော်တွေကို စခန်းသွင်းလေ့ကျင့်ပေးနေတဲ့ တပ်ရေးအရာရှိ ကိုဥက္ကာက ပြောပါ တယ်။

အဲဒီ  ရဲဘော်တွေကို သင်တန်းဆင်းပြီးကတည်းက သီးခြားစုဖွဲ့ထားကာ အချိန်မရွေးတိုက်ပွဲဖော်ဆောင်ရာမှာ တိုက်ခိုက်ဖို့ အသင့်အနေအထားရှိနေအောင်လို့ စခန်းသွင်းထားတာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲက ပြန်လာရင်လည်း ပြန်လည်စခန်းသွင်း လေ့ကျင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီ ရဲဘော်တွေဟာ ပြီးခဲ့ မတ် ၂၂ ရက်က သင်တန်းဆင်းခဲ့တဲ့ ရဲဘော်တွေဖြစ်ပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ကျားသစ်နက်တပ်မတော် #လေ့ကျင့် #တိုက်ပွဲဝင်အသင့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10