ခန့်အောင်

အုပ်ချုပ်ရေးမှူး သတ်ခံရပြီးနောက် အနက်ရောင်သေမင်းတမန်အဖွဲ့က လူငယ် ၃ ဦးကို ပြန်သတ်ပြီး အလောင်းစွန့်ပစ်

”အလောင်းတွေကို ညတုန်းက လာချသွားတာလို့ ယူဆရတယ်။ ရွာသားတွေကတော့ မပြောရဲ၊ မကြည့်ရဲဘူး။ စစ်တပ်က ငါတို့လူ(အုပ်ချုပ်ရေးမှူး)ကို သတ်ရင် မင်းတို့ ပြည်သူလည်း ငါတို့က သတ်မယ်ဆိုပြီး သတ်ပြတဲ့ သဘောလို့ ထင်တယ်“

ယင်းမာပင်မြို့နယ်ထဲမှာ အချိန်အခါမဟုတ် မိုးရွာပြီးမိုးသီးများကြွေကျ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းက ကျေးရွာအချို့မှာ မေ ၃ ရက် မနေ့ညနေ ၅ နာရီကျော်လောက်က အချိန်အခါမဟုတ် ရုတ်တရက်မိုးရွာသွန်းကာ မိုးသီးတွေ ကြွေကျခဲ့တယ်လို့ အဲဒီဒေသကိုရောက်ရှိနေတဲ့မြေပြင် PDF ထောက်ပို့အမျိုးသမီးတဦးက‌ ပြောပါတယ်။

နတ်မောက်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်လို့ နေအိမ် ၂ လုံးပျက်စီး

”အခုတိုက်တဲ့လေက သင်္ကြန်အပြီးမှာ ပထမဆုံးတိုက်တဲ့ လေပါ။ မိုးရော လေရော တခါတည်းပါလာတာ တော်တော်ပြင်းတယ်။ အမိုးအကာတွေ ပြုတ်ထွက်သွား‌အောင် တိုက်တာ။”

အုတ်ဖိုက ပျူစောထီးခေါင်းဆောင်ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

“သူ့အိမ်မှာ တီဗွီကြည့်နေတုန်း သေနတ်နဲ့လေးချက် ပစ်ခတ်ခဲ့တာပါ။ ဦးခေါင်းပွင့်ပြီး ပွဲချင်းပြီး သေတယ်။”

LGBT တဦးကိုသတ်ပြီး ပစ္စည်းလုယူခဲ့သူတွေကို ဖမ်းမိ

“ဝိုင်းဝိုင်းကို ပြည်မြို့မှာဖမ်းမိပြီး ချစ်ရှိုင်းကိုတော့ သဲကုန်းမြို့မှာ ရဲကဖမ်းမိတာပါ။ သူတို့ နှစ်ဦးက ‘ငွေငါးသိန်းတောင်းမယ် မရရင်လူသတ်မယ်ဆိုတဲ့ ကြိုတင်ကြံစည်ချက်နဲ့ သတ်တာပါ’လို့ စစ်ချက်ထွက်တယ်”

တောင်ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ ရေစကြိုမြို့ကအမျိုးသားတဦး လုပ်ငန်းခွင်ထိခိုက်ပြီး သေဆုံး

“အဲဒီစက်ရုံမှာလုပ်နေတဲ့ မြန်မာလုပ်သားတွေလည်း သေချာမမြင်လိုက်ရဘူး။ သူတို့ပြောပုံအရ သူအလုပ်လုပ်နေတဲ့နားမှာ ကားပေါ်ကနေ သံချောင်းတွေအတင်၊ အချလုပ်နေတာ။ စည်းထားတဲ့ သံချောင်းတွေနဲ့ ခေါင်းကိုရိုက်မိတာလို့ ပြောတယ်“

အုတ်ဖိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိပြီး ကျည်အချို့ပါ သိမ်းဆည်းခဲ့

“မိုင်းဆွဲလိုက်တဲ့ အခါမှာ လဲကျကုန်တာတွေ့ရတယ်။ ခဏလည်းကြာရော လက်နက်ကြီးငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်နေလို့ ကျနော်တို့နောက်ပြန်ဆုတ်ခဲ့တာ”

ရေဦးမြို့နယ်ထဲက ပျက်စီးနေတဲ့လမ်းပိုင်းတခုကို NUG စည်ပင်ဝန်ကြီးဌာန ချပေးငွေနဲ့ ပြုပြင်

“လမ်းတွေပျက်နေတော့ စစ်ရှောင်တဲ့အချိန်မှာ လမ်းကအပိုင်းလိုက် ကွက်ပျက်တော့ သွားလာရခက်တယ်။ ပြည်သူတွေကအများကြီးနဲ့ ကားတွေ လှည်းတွေနဲ့ ပြုံထွက်ရတော့ ကားတွေက ချိုင့်ခွက်တွေကိုရှောင်ရင်း မှောက်တာမျိုးတွေ ဖြစ်ခဲ့ဖူးလို့ ပြုပြင်ရတာပါ။ ပြင်ပြီးရင်တော့ သွားလာလို့ အရင်ထက် အဆင်ပြေသွားမှာပါ “

ကြို့ပင်ကောက်မှာ ချောင်းထဲဂုံးခရုဆင်းရှာတဲ့အမျိုးသား ရေနစ်သေဆုံး

“မနေ့ညက ဂုံးဆင်းရှာရင်း ရေနစ်တာ။ အရက်ကလည်း သောက်ထားသေးတယ်လို့ ပြောတယ်။ ဘယ်လို နစ်လဲတော့ မသိကြဘူး။ သူရဲ့ အိမ်ကတော့ ချောင်းဘေးမှာပဲရှိတယ်“

စစ်သားစုဆောင်းရင်း သေနှုန်းမြင့်လာတဲ့ အုပ်ချုပ်ရေးမှူးများ (ရုပ်သံဆောင်းပါး)

၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက် စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ပြီးနောက်မှာ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဆက်တိုက်ဆိုသလို ရှင်းလင်းခဲ့ရာမှာ အုပ်ချုပ်ရေးမှူးအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်သေဆုံးမှုတွေဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အရင်ကထက် ပိုမိုမြင့်တက်လာနေတာကို တွေ့ရပါတယ်။ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက "စကစဒေါက်တိုင်တွေကို စတင်ရှင်းလင်းနေပြီ” လို့ ပြောပါတယ်။

ပေါင်းတည်မှာ ဝါယာရှော့ခ်ကနေမီးလောင်လို့ နေအိမ် ၇ လုံးနဲ့ ဂိုထောင် ၁ လုံးပျက်စီး

“အရက်ဆီ‌လှောင်တဲ့ ဂိုထောင်မှာမီးလာတုန်း မော်တာနဲ့ရေတင်တာကနေ ဝါယာ‌ရှော့ခ်ဖြစ် မီးလောင်တာ။ မီးက အရက်ဆီတွေကိုပါ ဆက်လောင်တာမှာ ထပေါက်ကုန်ပြီး ဂို‌ထောင်နဲ့ နောက်ဘက်ကအိမ်ငယ်တွေကိုပါ မီးကူးသွားတာ။ မိနစ် ၂၀ လောက်နဲ့ ငြှိမ်းနိုင်လို့တော်သွားတာ”

တပ်မ ၆၆ ကစစ်သားတွေနဲ့ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိ

“စစ်ကြောင်း ဆုတ်သွားပြီဆိုလို့ သူတို့နေခဲ့တဲ့အိမ်ထဲကို ဝင်ကြည့်ပြီး ပြန်အဆုတ်မှာ စစ်သားတွေက ကိုက် ၁၀၀ အကွာလောက်ကနေ ဝိုင်းပစ်တယ်။ ကျနော်တို့လည်း ခံပစ်ပစ်ရင်းဆုတ်လာခဲ့ရတာ ပြန်လှန်ပစ်ခတ်တာ ၁၅ မိနစ်လောက်ကြာမယ်”

အကောက်တောင်ဘုရားဖူးရင်း မြစ်ထဲရေဆင်းချိုးရာက ဆယ်ကျော်သက်လူငယ် ၄ ဦး ရေနစ်သေဆုံး

“ သူတို့ကအင်ပင်ကနေ Light Truckကားနဲ့ အကောက်တောင်ကို ဘုရားဖူးလာရင်း ရေဆင်းချိုးကြတာ။ လာတာက ကားနဲ့အပြည့်လာတာလို့သိရတယ်။ အဲ့ဒီထဲက ၅ ယောက်ရေချိုးဆင်းရင်း ၄ ယောက်ရေနစ်သွားကြတာ။ အဲ့ဒီနေရာက ရေနစ်တဲ့အပိုင်း”

အညာဒေသက တပ်ရင်းတပ်ဖွဲ့  ၆ ဖွဲ့ ပေါင်းပြီး "ခွန်အားမျှပါ" သိန်း ၅၀၀၀ ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ကမ်ပိန်းပါ တပ်ဖွဲ့ ၆ ဖွဲ့ဟာ တော်လှန်ရေး ၃ နှစ်တာကာမှာ တပ်ဖွဲ့တွေ ရပ်တည်နိုင်ရေးအတွက် ဖြစ်သလိုနေ ဖြစ်သလို စားသောက်နေခဲ့ကြပြီး အခုလို တိုက်ပွဲတွေအရှိန်မြှင့်လာတာအခါမှာ ရဲဘော်တွေနေရေး စားရေးထက် တပ်ဖွဲ့တကယ်လိုအပ်နေတဲ့ လက်နက်ခဲယမ်းနဲ့ နည်းပညာဆိုင်ရာတွေကို ဖြည့်တင်းသွားနိုင်ဖို့ ဒီကမ်ပိန်းကနေ မျှော်မှန်းထားကြတယ်လို့ ဆိုကြပါတယ်။ ခွန်အားမျှပါ သိန်း ၅၀၀၀ ကမ်းပိန်ကိုတော့ ဧပြီ ၂၁ ရက်ကနေ ဇွန် ၂၁ ရက်ထိ နှစ်လကြာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

သဲကုန်းက LGBT တဦး ပစ္စည်းလုအသတ်ခံရ

“သူက LGBT ပါ။ ကိုယ်မှာ ဝတ်ထားတဲ့စိန်နားတောင်း ၅ ခု၊ လက်စွပ်၊ ဟန်းချိန်း၊ ဖုန်းတွေပါ သတ်တဲ့သူက အကုန်ယူသွားတာ။ သိန်း ၂၀၀ ဖိုးလောက်ရှိနိုင်တယ်။ သူစီးတဲ့ CLICK ဆိုင်ကယ်ကိုတော့ ထားခဲ့တယ်။ အူတွေလည်း ပွင့်နေတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10