သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ ဧပြီ ၂၈ ရက် ဒီညနေ ၃ နာရီက ဝါယာရှော့ခ်ကနေ မီးလောင်ပြီး နေအိမ် ၇ လုံးနဲ့ ဂိုထောင် ၁ လုံး ပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပေါင်းတည်မြို့၊ အုတ်ဖို ၂ ရပ်ကွက်၊ မှတ်တိုင်လမ်းက "ကိုဇော်ကြီး" အရက်မျိုးစုံဖြန့်ချီရေးဆိုင် ဂိုထောင်ကနေ မီးစတင်လောက်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
“အရက်ဆီလှောင်တဲ့ ဂိုထောင်မှာမီးလာတုန်း မော်တာနဲ့ရေတင်တာကနေ ဝါယာရှော့ခ်ဖြစ် မီးလောင်တာ။ မီးက အရက်ဆီတွေကိုပါ ဆက်လောင်တာမှာ ထပေါက်ကုန်ပြီး ဂိုထောင်နဲ့ နောက်ဘက်ကအိမ်ငယ်တွေကိုပါ မီးကူးသွားတာ။ မိနစ် ၂၀ လောက်နဲ့ ငြှိမ်းနိုင်လို့တော်သွားတာ”လို့ မြို့ခံတဦးက ပြောပါတယ်။
အခြားမြို့ခံတဦးကလည်း မီးလောင်နေတဲ့မီးတောက်နဲ့ မီးခိုးတွေကို ၄ ဖာလုံလောက် အကွာကနေ မြင်ခဲ့ရတယ်လို့ ပြောပါတယ်။
မီးလောင်မှုကို ပေါင်းတည်၊ နတ်တလင်းနဲ့ သဲကုန်းမြို့နယ်က မီးသတ်ကားတွေ လာရောက် ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
လူနဲ့ တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိခဲ့ဘဲ လက်ရှိမှာ နေအိမ်မီးလောင်ပျက်စီးသွားတဲ့ အိမ်ထောင်စု ၉ စုကို မြို့ခံတွေက ညနေစာကျွေးမွေးထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၄ မနက် ၁၁ နာရီခွဲလောက်ကလည်း ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းအုပ်စု၊ ညောင်ပင်ကုန်းရွာမှာ လူစောင့်မရှိဘဲ ရေနွေးအိုးတည်ရာက မီးလောင်ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ပါသေးတယ်။
ပုံစာ - မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေစဉ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပေါင်းတည် #မီးလောင် #နေအိမ်ပျက်စီး #မီးဘေး
Share Share Share