သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိပြီး ကျည်အချို့လည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ သာယာတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။
အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမတောင်ခြေရှိ သရက်နှစ်ဖျားလိမ်အုပ်စု၊ ဂွေးချိုရွာနဲ့ ကျွန်းလှကုန်းရွာကို ဆက်သွယ်ထားတဲ့တံတားအနီးမှာ အုတ်ဖို ခမရ ၆ က အင်အား ၂၀ ဦးပါစစ်ကြောင်းကို ဧပြီလ ၂၈ ရက် ညနေ ၅ နာရီကျော်လောက်က ပဒေသာမိုင်း ၇ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မိုင်းဆွဲလိုက်တဲ့ အခါမှာ လဲကျကုန်တာတွေ့ရတယ်။ ခဏလည်းကြာရော လက်နက်ကြီးငယ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်နေလို့ ကျနော်တို့နောက်ပြန်ဆုတ်ခဲ့တာ” လို့ မြေအောက်ပြောက်ကျား တပ်ဖွဲ့မှ တပ်ခွဲမှူး ရဲဘော်ဒေဝက ပြောပါတယ်။
တိုက်ခိုက်ပြီးနောက် ဧပြီလ ၂၉ ရက် မနက်ပိုင်းမှာ ကာကွယ်ရေးရဲဘော်တွေက မိုင်းဆွဲခဲ့တဲ့နေရာကို သွားရောက်ရှင်းလင်းရာမှာ စစ်ဦးထုပ် ၃ လုံး၊ M 3 ကျည်ဘောက်ရှည် ၁ ခုနဲ့ ၅ . ၅၆ ကျည် ၃၂ ထောင့်ကို သိမ်းဆည်းနိုင်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်ကြောင်းဟာ ဧပြီ ၂၈ ရက် ညပိုင်းမှာပဲ သေဆုံးအလောင်းတွေကိုသယ်ပြီး တပ်ပြန်ဆုတ်သွားတာကို မြေပြင်ကင်းထောက်တွေဆီက သတင်းပြန်ရကာ ဧပြီလ ၃၀ ရက် ဒီမနက်ပိုင်းအထိ စစ်ကြောင်းလူပ်ရှားတာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ HERO ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းနဲ့ ၂၇ ရက် မနက်ပိုင်းမှာလည်း အုတ်ဖိုမြို့အရှေ့ဘက်၊ တင်းဝါးချောင်းရွာ အနီးမှာရှိနေတဲ့ တပ်မ ၆၆ က စစ်သားအင်အား ၆၀ လောက်ပါ စစ်ကြောင်းနဲ့ဒေသခံကာကွယ်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး စစ်သားသေဆုံးမှုတွေရှိခဲ့ပါသေးတယ်။
ပုံစာ - သိမ်းဆည်းရခဲ့တဲ့ စစ်ဦးထုပ်နဲ့ ကျည်များ။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #အုတ်ဖို #စစ်ကောင်စီ #ဒေသခံကာကွယ်ရေးတပ် #မိုင်းဆွဲ #တိုက်ခိုက်
Share Share Share