သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းက ကျေးရွာအချို့မှာ မေ ၃ ရက် မနေ့ညနေ ၅ နာရီကျော်လောက်က အချိန်အခါမဟုတ် ရုတ်တရက်မိုးရွာသွန်းကာ မိုးသီးတွေ ကြွေကျခဲ့တယ်လို့ အဲဒီဒေသကိုရောက်ရှိနေတဲ့မြေပြင် PDF ထောက်ပို့အမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီလိုမိုးရွာသွန်းမှုအခြေအနေကို စစ်ကောင်စီစစ်ကြောင်းရန်ကလွတ်ဖို့ ပြောင်းရွှေ့ပြေးလွှားနေတဲ့ ဒေသခံစစ်ရှောင်အများအပြားလည်း ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ယင်းမာပင်မြို့နယ်အရှေ့ခြမ်းမှာ မိုးရွာသွန်းကာ မိုးသီးကြွေပေမယ့် ယင်းမာပင်မြို့နယ်အနောက်ခြမ်းနဲ့ ကနီ၊ ဆားလင်းကြီးမြို့နယ်တွေမှာတော့ မိုးရွာသွန်းတာနဲ့ မိုးသီးကြွေတာမျိုးမရှိဘူးလို့ ပြောပါတယ်။
မေ ၄ ရက် ဒီနေ့မှာတော့ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းမှာ မိုးအုံ့ဆိုင်းတာမျိုးမရှိဘဲ အပူရှိန်မြင့်တက်နေတယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP
#မြေလတ်အသံ
#ယင်းမာပင် #မိုးရွာ #မိုးသီးကြွေ #သတင်း #ရုပ်သံ
Share Share Share