ခန့်အောင်

စစ်မှုထမ်းလူစုပေးတဲ့ သဲကုန်းမြို့နယ်က ရာအိမ်မှူး ပစ်သတ်ခံရ

“သူ့အိမ်ကနေဖမ်းပြီး လမ်းရောက်မှ ပစ်သတ်ခဲ့တာပါ။ မိသားစုတွေရှိနေလို့ အိမ်မှာတော့မရှင်းတာပါ။”

ပန်းတောင်းမှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး

"သူတို့သားအမိက အရင်က တယောက်တအိမ်နေတာ။ အိမ်ထောင်ကွဲမှ မအေအိမ်ကို ပြန်လာနေတာ။ သူ့အမေက သူ့သားပြန်မလာလို့ ရွာသားတယောက်ကို လိုက်ရှာခိုင်းတာမှာ သူအရင်နေခဲ့တဲ့သူ့အိမ်မှာ ဖိုးပုဆွဲကြိုးချသေနေတာကို တွေ့ရတာ။ ဘယ်အချိန်လောက်က ဆွဲကြိုးချတယ်ဆိုတာတော့ မသိဘူး"

စစ်မှုထမ်းမဲပေါက်ပြီး ရှောင်နေတဲ့အိမ်တွေကို မီးရှို့မယ်ပြောတဲ့ မင်းလှကအုပ်ချုပ်ရေးမှူး အသတ်ခံရ ■ ပေါက်ခေါင်းမှာလည်း ပျူစောထီးအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်းက မင်းလှနဲ့ ပေါက်ခေါင်းမြို့နယ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ပျူစောထီးအဖွဲ့ဝင် ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

သနပ်ခါးဥဒါန်း (ရုပ်သံဆောင်းပါး)

သူတို့ခွဲခွာသွားပြီးဆိုကတည်းက ကျနော်အရင်လို သန့်ရှင်းသပ်ရပ် မနေတော့ဘူး၊ ရာသီဥတုဒဏ်တွေ ရောဂါ ဒဏ်တွေကိုပါ စပြီးခံစားလာရတယ်။ လိုအပ်တဲ့ အဟာရလည်းမရ ပြုစုသူလည်း မရှိတော့ဘူး။ အဲဒီလိုနဲ့ ကျနော့်ရဲ့ ဖွံ့ဖြိုးမှုတွေရပ်တန့်၊ ကိုယ်ပိုင်ရနံ့တွေလည်း အရင်လို မသင်းပျံ့နိုင်တော့ဘဲ ပတ်ဝန်းကျင်မှာ ကျနော်ငယ်စဉ်ကတည်းက မရှုရှိုက်ဖူးတဲ့ ယမ်းငွေ့နံ့တွေနဲ့သာ...

စိတ်ကျန်းမာရေးမကောင်းဘူးဆိုတဲ့ စစ်မှုထမ်းဟောင်းက ဓါးနဲ့ခုတ်လို့ လူငယ် ၁ ဦးသေဆုံး

“ခုတ်တဲ့သူပြောတာကတော့ သေတဲ့ကောင်လေးက အလုပ်ရှင်အိမ်ကို ဆိုင်ကယ်နဲ့ရောက်လာချိန်မှာ သူ့(ကိုညွန့်စန်း)စိတ်ထဲမှာ မှောင်နေတယ်။ အဲဒီအချိန်မှာ ကိုင်းခုတ်ဓါးနဲ့ ခုတ်ချလိုက်တာတဲ့။ ကျန်တာ အဲ့ဒီလူ ဘာမှမသိဘူးလို့ပြောတယ်။ ရဲတွေလာတော့ ခုတ်တဲ့သူက သူ့အိမ်ကနေပဲ အေးအေးဆေးဆေး အဖမ်းခံတယ်။”

ပန်းတောင်းမှာ ယာဥ်တိုက်မှုဖြစ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး တိုက်တဲ့ကားပါတိမ်းမှောက်

“သေဆုံးတဲ့အမျိုးသမီးက ရင်ဘတ်ပွင့်ပြီး တခါတည်းသေသွားတာ။ သူညီမကတော့ ဒူးမှာဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ မှောက်တဲ့ကားကတော့ ရှေ့ခေါင်းခြမ်းကြေပြီး သိန်း ၂၀ ဖိုးလောက် ပျက်သွားတယ်။”

အချိန်လွန်မိုးကြောင့် မတ်ပဲအချိန်မီမစိုက်နိုင်လို့ အထွက်နှုန်းလျော့မှာစိုးရိမ်နေပြီး စိုက်လက်စပဲခင်းအချို့လည်း ပျက်စီးခဲ့

“ ပုံမှန်ရာသီဥတုဆိုရင် အခုလ(နိုဝင်ဘာ)က လယ်မြေတွေ ခြောက်သွေ့စပြုလာပြီး ပဲစိုက်ဖို့ထွန်ယက်ဖို့ အချိန်ကောင်းဖြစ်နေပြီ။ အခုက လယ်ကွက်တွေထဲမှာ ရေတွေရှိနေတော့ အလုပ်ကမဖြစ်ဘူး။ ကျနော်တို့အရပ်မှာ နိုဝင်ဘာဆိုတာ မတ်ပဲစိုက်ဖို့ အကောင်းဆုံးလပဲ"

လက်ပံတန်း၊ ညောင်ပင်ဇင်းရွာက နေအိမ် ၁၅ လုံးကို စစ်တပ်ကမီးရှို့

“တိုက်ပွဲမရှိဘဲ မီးရှို့သွားတာ။ အိမ်ကြီးအိမ်ကောင်းတွေ မီးထဲပါသွားတာ။ အခြားအိမ်အသေးတွေလည်း ပါသေးတယ်။ ကျနော်တို့လည်း နယ်မြေရှင်းလင်းရေးသွားရင်း လောင်လက်စအိမ်တွေကို ငြှိမ်းသတ်ခဲ့ရတယ်။ ရွာသားတွေလည်း ထွက်ပြေးကြလို့ အဆက်သွယ်မရသေးဘူး။”

ပေါက်ခေါင်းမှာ စစ်မှုထမ်း‌ကြေးငွေစုတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

“သန်းအောင်က သူ့အိမ်မှာဖွင့်ထားတဲ့ ကုန်စုံဆိုင်လေးမှာ တယောက်တည်းဈေးရောင်းနေတုန်း သေနတ်နဲ့ သုံးချက်ပစ်တာ ပွဲချင်းပြီးသေတယ်။”

စစ်ကောင်စီတပ်သားတွေရွာကိုလာရင် သီချင်းဖွင့်ကြိုတဲ့ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ

"သေနတ်သံက ၂ ချက် ကြားလိုက်တယ်။ ပါးတခြမ်းပွင့်သွားတယ်လည်း ကြားတယ်။ ‌ရွှေတောင်ကုတင် ၁၀၀ စစ်ဆေးရုံကနေ မသက်သာလို့ ရန်ကုန်လွှဲတယ် ပြောတယ်။"

တရွာလုံးကိုမီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်တဲ့ စစ်တပ်သတင်းပေးဆိုသူ သေနတ်နဲ့ပစ်သတ်ခံရ

"ခေါင်းကို ၁ ချက်တည်း ပစ်ခဲ့တာပါ။ နေရာမှာ တခါတည်းသေသွားတယ်။ ဒီကောင်က ပေါက်ခေါင်းရဲစခန်းကနေ ပြန်လာတာကို သတင်းရလို့ စောင့်ပြီးပစ်ခတ်ခဲ့တာ။"

အသင့်ဆောင်ထားတဲ့လက်ပစ်ဗုံးပေါက်ကွဲလို့ အုပ်ချုပ်ရေးမှူးသေပြီး မိသားစုဒဏ်ရာရ

"အုပ်ကြီးအိမ်မှာ ပေါက်တာလို့သိရတယ်။ ဆေးရုံရောက်တော့သေနေပြီ၊ ရင်ဘတ်ကိုထိတာတဲ့။ သူ့အမျိုးသမီးကို လက်ကိုထိတာ၊ သူ့သားကိုတော့ ခြေထောက်ထိတယ်၊ သားနဲ့အမေက ဒဏ်ရာရရှိသွားတယ်ပေါ့။ သူတို့ ၂ ဦးကိုတော့ ပေါင်းတည်ဆေးရုံမှာကုသထားတယ်"

စစ်အုပ်စုက နေအိမ်တွေဖျက်ဆီးတဲ့အပြင် မီးပါရှို့ပြီး အမျိုးသား ၁၅ ဦးကိုဖမ်းသွား (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ အေးရွာလေးရွာက နေအိမ် ၇ လုံးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး တခြားနေအိမ်တွေကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့သလို အမျိုးသား ၁၅ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁၊ Yoma GBK PDF ရဲ့ တပ်ခွဲမှူး ကိုကရင်လေး က ပြောပါတယ်။

စစ်ကောင်စီကဖမ်းသွားတဲ့ ကြို့ပင်ကောက်က စစ်ရှောင်ပြည်သူ ၆၀ ဦးဝန်းကျင် ပြန်မလွတ်သေး

“တိုက်ပွဲဖြစ်လို့ ကျစွာဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေတာကို **တွေကရောက်လာပြီး ဖမ်းထားတာ၊ ပြန်လွှတ်မပေးဘူး။ ခုထိကျစွာဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတုန်း၊ အင်အားကလည်း ၇၀ လောက်ရှိတယ်။”

သန်းခေါင်စာရင်းကောက်တဲ့ ရာအိမ်မှူးကိုဝင်ပစ်ချိန် ထွက်ပြေးလို့ ကိုင်ဆောင်တဲ့လေသေနတ်ကို သိမ်းဆည်း

“ သူနေတဲ့တိုက်အိမ်တံခါးကို ရိုက်ဖျက်ဝင်နေတုန်း ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးသွားတာ၊ လိုက်ဖမ်းရင်းသေနတ်နဲ့ခေါင်းကို ၁ ချက်တော့ ရိုက်မိသွားတယ် အမှောင်ထဲဆိုတော့ သေနတ်နဲ့ ပစ်လည်း မမှန်ဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10