သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အရှေ့ဘက် ဒေါင်းစပါးကွင်းအုပ်စုက စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့ လင်မယားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သာယာဝတီခရိုင် တပ်ရင်း ၁ ရဲ့ တပ်ခွဲ ၅ ဖြစ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ က သေနတ်နဲ့ပစ်ရာ အမျိုးသမီးဖြစ်သူ သေဆုံးသွားတယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒေါင်းစပါးကွင်းအုပ်စု၊ ကွေ့ချောင်းကျေးရွာက ဇော်ကြီး(ခ)ဇော်ဌေးနဲ့ မညိုညိုဝင်းတို့ လင်မယားနေအိမ်ကို သာယာဝတီခရိုင်တပ်ရင်း ၁ တပ်ခွဲ ၅ (Hero ပြောက်ကျားတပ်ဖွဲ့) က ဇန်နဝါရီ ၆ ရက်က ဝင်ရောက်သေနတ်နဲ့ ပစ်ခဲ့တာလို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“အိမ်ထဲဝင်ပစ်တော့ ဇော်ကြီးက အိမ်နောက်ဖေး ရောက်နေတော့ ထွက်ပြေးသွားတာ။ သူ့မိန်းမတော့ ပွဲချင်းပြီးသေသွားတယ်” လို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
မညိုညိုဝင်းတို့ လင်မယားဟာ PDF ရဲ့ မိုင်းကွင်းတွေကို နောက်ယောင်ခံလိုက်ကြည့်ကာ စစ်ကောင်စီတပ်ကို သတင်းပေးနေပြီး ကွေ့ချောင်းရွာသား PDF တပ်ဖွဲ့ဝင်ရဲ့ ဖခင်တဦးဟာ သူတို့လင်မယားရဲ့ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်ရဲ့ ဖမ်းသတ်တာခံခဲ့ရတာလို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။
အခင်းဖြစ်ပြီးတဲ့နောက်မှာတော့ မညိုညိုဝင်းအလောင်းကို စစ်သားနဲ့ရဲတွေက အုတ်ဖိုမြို့ကနေ လာသယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။
ဇန်နဝါရီ ၅ ရက်က အုတ်ဖိုမြို့နယ် ရန်ကုန်-ပြည်ကားလမ်း လင်လွန်းပင်တံတားအနီးမှာ စစ်တပ်က ဖမ်းဆီးခဲ့တဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးအပါ ၄ ဦးထဲက ကွေ့ချောင်းရွာသား PDF တပ်ဖွဲ့ဝင်ရဲ့ဖခင် အသက် ၄၁ နှစ်အရွယ် ကိုသိန်းသန်းဌေးရဲ့အလောင်းကို ကွေ့ချောင်းရွာ အနောက်ဘက်က ၃ မိုင်ကျော်ဝေးတဲ့ ခြောက်တင်းကွင်းရွာ ဆက်သွယ်ရေးလမ်းမှာ ဝါးနှီးနဲ့ လက်နောက်ပြန်တုပ်လျက်တွေ့ခဲ့တယ်လို့ သူကဆိုပါတယ်။
စာတည်း - ဟယ်ရီ
#မြေလတ်အသံ
#ပဲခူး #အုတ်ဖို #စစ်ကောင်စီ #သတင်းပေး #သေဆုံး
Share Share Share