စစ်ကောင်စီက လသားအရွယ်ကလေးအပါ ကျေးရွာသား ၄၀ နီးပါးကို ဖမ်းဆီးသွား

စစ်ကောင်စီက လသားအရွယ်ကလေးအပါ ကျေးရွာသား ၄၀ နီးပါးကို ဖမ်းဆီးသွား

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကံဦးအုပ်စု၊ ရင်းတိုက်ကွင်းရွာက လသားအရွယ် ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေအပါအဝင် ကျေးရွာသား ၄၀ နီးပါးကို ဇန်နဝါရီ ၃၀ ရက် မနက် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရင်းတိုက်ကွင်းရွာနဲ့ ၃ မိုင်အကွာလောက်အကွာမှာရှိတဲ့ ကွင်းချောင်းရွာက ပျူစောထီးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၄၀ ဦးလောက်က လသားအရွယ်ကလေးငယ်နဲ့ အသက် ၈၀ နှစ်ကျော်အရွယ်အပါအဝင် အမျိုးသားနဲ့ အမျိုးသမီးအပါ ၃၇ ဦးကို လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“မနက်အစောကြီးတံခါးတွေကို ကန်ဖွင့်ပြီး အိမ်ထဲတွေ့တဲ့သူ ကလေးလူကြီးအားလုံးကို အကုန်ဖမ်းဆီးပြီး ကွင်းချောင်းရွာကို ခြေလျင်ခေါ်သွားတာ၊ ထွက်ပြေးလို့ လွတ်သွားသူတွေလည်းရှိတယ်၊ အကြောင်းမဲ့သက်သက် ပြည်သူတွေကိုအနိုင်ကျင့်ဗိုလ်ကျတယ်လို့ပဲမြင်တယ်" လို့ အဆိုပါဒေသခံတဦးက ပြောပါတယ်။

ရင်းတိုက်ကွင်းရွာဟာ ကြို့ပင်ကောက်မြို့နဲ့ ၁၀ မိုင်လောက်အကွာမှာရှိပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိကာ အခုလို စစ်ကောင်စီက ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးတာမျိုး အရင်က မရှိခဲ့ဘူးလို့ အဆိုပါဒေသခံဆီက သိရပါတယ်။

ဒါ့အပြင် ရင်းတိုက်ကွင်းရွာဟာ မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ အေးရွာလေးရွာ၊ ရုံးချောင်းရွာ စတဲ့ရွာတွေနဲ့လည်း အလှမ်းဝေးတယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရသူတွေကို ကျန်ခဲ့တဲ့မိသားစုဝင်တွေက တွေ့ဆုံဖို့ကြိုးစားပေမယ့် တွေ့ခွင့်မရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။ 

နံနက် ၇ နာရီခန့်မှာ ရင်းတိုက်ကွင်းရွာကနေ စစ်ကြောင်းပြန်ထွက်သွားပြီးတဲ့နောက် ကျေးရွာသားတွေ ရွာထဲကို ပြန်ဝင်လာကြတယ်လို့ ဆိုပါတယ်။

ဒီနေ့ဆက်သွယ်မေးမြန်းချက်အရ ပျူစောထီးတွေနဲ့ နီးစပ်ဆက်စပ်သူ ၄ ဦးသာ ပြန်လည်လွတ်မြောက်လာပြီး ကျန်သူတွေကတော့ မလွတ်မြောက်လာသေးဘူးလို့ သိရပါတယ်။ 

ရင်းတိုက်ကွင်းရွာဟာ ကြို့ပင်ကောက်မြို့နဲ့  ၁၀ မိုင်လောက်အကွာမှာရှိပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိကာ အခုလို စစ်ကောင်စီက ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးတာမျိုး အရင်က မရှိခဲ့ဘူးလို့ အဆိုပါဒေသခံဆီက သိရပါ တယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကြို့ပင်ကောက် #ကံဦးအုပ်စု #ရင်းတိုက်ကွင်း #ကလေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10