ခန့်အောင်

အင်းတကော် PDF အပတ်စဉ် ၁ အခြေခံ စစ်သင်တန်းဆင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်းပွဲကို တပ်ဖွဲ့အခြေစိုက် တနေရာမှာ ဧပြီ ၁ ရက်က ပြုလုပ်ခဲ့တယ်လို့ Inntakaw People’s Defence Force - IPDF က သင်တန်းမှူး ရဲဘော်မဟူရာက ပြောပါတယ်။

PDF စခန်းတခုမှာ ရေရှားလို့ အသွားအပြန် သုံးမိုင်အထိသွားကာ ရေချိုးနေရ

”တခါတလေ တိုက်ပွဲပြန်လာလို့ အရမ်းပင်ပန်းရင်တော့ ဆိုင်ကယ်နဲ့ သွားချိုးခိုင်းတယ်။ ကျန်တဲ့ ရဲဘော်တွေကတော့ ဆီဖိုးက မိုးထိအောင် ထောင်တက်နေတော့ ခြေလျင်သွားချိုးရတယ်။ လေ့ကျင့်ပြီးသား ရတာပေါ့“

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး သေဆုံးမှုရှိဟုဆို

“ရှေ့ဆုံးက ပွိုင့်ကို လွှတ်ပြီး အလယ်ကပါလာတဲ့အဖွဲ့ကို မိုင်းဆွဲတိုက်ခဲ့တာပါ။ စစ်** ၃ ကောင်လောက် လွင့်စင်သွားတာကို တွေ့လိုက်ရတယ်။ သေဆုံးဒဏ်ရာရသတင်းတော့ စုံစမ်းနေဆဲပါ“

စစ်မှုထမ်းဖို့လူငယ်တွေကိုစုပေးတဲ့ တပ်ကြပ်ကြီးဟောင်းသားအဖ သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

“ကျနော်တို့က သူတို့သားအဖကို စစ်ဆေးဖို့ခေါ်လာတာ။ လမ်းမှာ ဆိုင်ကယ်ပေါ်ကထွက်ပြေးမယ် လုပ်လို့ ပစ်သတ်လိုက်ရတာ”

ကေဘယ်ကြိုးပြင်ဖို့လာတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုရှိ

သေဆုံးဒဏ်ရာရ သူတွေကို လူနာတင်ကား ၅ စီးနဲ့ သယ်သွားပြီး အလောင်းတွေကို တိမ်မြုပ်ရွာအနီးက ခမရ ၆ တပ်မှာချထားပြီး ဒဏ်ရာသူတွေကို ရွှေ‌တောင်ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်သွားကြောင်း ကင်းထောက်တွေ ဆီက ပြန်သိရတယ်လို့ သူက ဆက်ပြောပါတယ်။

ပေါင်းတည်မှာ ၉ နှစ်အရွယ်ကလေးတဦး ရေနစ်သေဆုံး

သေဆုံးသူဟာ ပေါင်းတည်မြို့၊ ၃၉ လမ်း အရှေ့ပိုင်းမှာနေတဲ့ Grade 2 စာမေးပွဲဖြေဆိုထားတဲ့ အသက် ၉ နှစ်အရွယ် မောင်ရဲရင့်ထွန်းဖြစ်ပြီး သရက်တောချောင်းရိုးထဲမှာ ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ပျူစောထီးစခန်းကို တိုက်ခိုက်ပြီး သေနတ်နဲ့ အသုံးဆောင်တချို့ သိမ်းဆည်း

“သူတို့က သုံးလေးချက် ပြန်ပစ်ပြီး ပြေးတာမှာ စခန်းထဲက သေနတ်တွေ သိမ်းနိုင်ခဲ့တာ။ ပျူတွေဘက်က ထိခိုက်မှုတွေရှိနိုင်တယ်”

နတ်တလင်းမှာ စစ်ကောင်စီတပ်သားတဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံး

“အပစ်ခံရတဲ့ **က အော်ပြီး လဲကျသွားတယ်။ ကျန်တဲ့ စစ်သားတွေက အလောင်းကို ငှက်ပျောတောထဲ ဆွဲသွားတာ မြင်နေရတယ် “

မြင်းမူမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့  နှစ်ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ Dog Killers People's Defence Force Myinmu (DK PDF-MMU)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပေါင်းတည်က စစ်တပ်သတင်းပေးဆိုသူ အသတ်ခံရ

"နိုင်ကြီးက ပြန်ချီတက်(ရွာ)ကနေ လှည်းနဲ့ပြန်လာတာကို ကျနော်တို့အဖွဲ့က စောင့်နေတုန်း သူကလှည်းပေါ်က ခုန်ချပြေးတာကို လိုက်ပစ်တာ။ နေရာမှာပဲ သေတယ်"

အုပ်ချုပ်ရေးမှူးအသတ်ခံရပြီးနောက် အဖမ်းခံရသူ ၃ ဦး မိသားစုနဲ့အဆက်ပြတ်နေ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး စစ်တပ်ကဖမ်းဆီးသွားတဲ့ ရွာသား ၃ ဦး မတ် ၃၁ ရက် ဒီနေ့အထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘဲ အဆက်ပြတ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ကြို့ပင်ကောက်က စစ်ကောင်စီသတင်းပေးဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရ

ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ သင်္ခရိုင်ရွာက အသက် ၄၈ နှစ်အရွယ် ကိုတင်ရှိန်ကို မတ် ၂၈ ရက် မနေ့ည ၇ နာရီလောက်က BTZM GBK PDF နဲ့ နတ်စစ်သည်အဖွဲ့တို့ပေါင်းကာ ရုံးချောင်းရွာအနီးမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

အုတ်ဖိုက စစ်ကောင်စီဂိတ်ကို PDF ဝင်တိုက်၊ နှစ်ဘက်ထိခိုက်မှုတွေရှိ

”ကင်းက ၂ ကောင်ကိုတော့ အနီးကပ်ဆော်ရတာ။ ကျနော်တို့နဲ့ အပြန်လှန်ပစ်နေရင်း စစ်**တွေက ပြည်သူ့ အိမ်တွေထဲ ဝင်ပြေးကြတာ။ ဂိတ်ကို မီးရှို့ဖို့ကျတော့ ပြည်သူ့အိမ်တွေနဲ့ နီးလို့ မီးမရှို့ခဲ့ရဘူး“

ပေါက်ခေါင်းက PDF ရှေ့တန်းစခန်းငယ်တခု တိုက်ခိုက်ခံရ

“မပြောချင်တော့ဘူးဗျာ။ အလစ်အငိုက်ကို မိုင်းကွင်းတွေပါ ကျော်လာတာ။ လက်ရှိ စခန်းငယ် ချထားတဲ့ နေရာကိုပါ။ (သိမ်းခံရတဲ့) လက်နက်စာရင်းကတော့ အတည်မပြုရသေးဘူး။ ဒဏ်ရာရရှိသူ နှစ်ဦးလည်းရှိတယ်”

PDF စခန်းအခြေအနေကိုစုံစမ်းလေ့ရှိတဲ့ စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ

“ဦးတင်စိုးက တောထဲကို ထင်းတိုက် ဝါးတိုက်ဟန်ဆောင်ပြီး ရောက်လာလို့ စစ်မေးဖို့ဖမ်းဆီးချိန် ထွက်ပြေးဖို့ကြိုးစားလို့ ပစ်သတ်ခဲ့ရတာပါ” လို့ Phoenix DF မှ တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။ ကိုတင်စိုးဟာ PDF စခန်းအခြေအနေကို သုံးကြိမ်ထက်မနည်း စုံစမ်းမှုတွေလုပ်ခဲ့ပြီး သက်သေ အထောက်အထား ခိုင်လုံမှသာ ခုလိုရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10