အင်းတကော် PDF အပတ်စဉ် ၁ အခြေခံ စစ်သင်တန်းဆင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်းပွဲကို တပ်ဖွဲ့အခြေစိုက် တနေရာမှာ ဧပြီ ၁ ရက်က ပြုလုပ်ခဲ့တယ်လို့ Inntakaw People’s Defence Force - IPDF က သင်တန်းမှူး ရဲဘော်မဟူရာက ပြောပါတယ်။

အဲဒီ အခြေခံစစ်သင်တန်းကို မတ် ၁ ရက်က စတင် ပြုလုပ်တာဖြစ်ပေမယ့် ရောက်ရှိနေတဲ့ ရဲဘော်တွေကို သင်တန်းမစတင်မီ ၁၀ ရက်အလိုကစပြီး အခြေခံစစ်ရေးပြကိုလည်း သင်ကြားပေးခဲ့တယ်လို့ ပြောပါတယ်။

သင်တန်းမှာ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးရှိပြီး အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၃ ဦး ပါဝင်ကာ   Inntakaw People’s Defence force - IPDFက သင်တန်းဆရာတွေနဲ့ သင်ကြားခဲ့တယ်လို့  ပြောပါတယ်။

သင်တန်းဆင်းပွဲကို ပဲခူးခရိုင်တာဝန်ခံ၊ ပဲခူးခရိုင် စစ်ရေးတာဝန်ခံ၊ KNU/KNLA၊ ABSDF နဲ့ ပဲခူးခရိုင်ထဲက မဟာမိတ်တပ်ဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်ပြီး သင်တန်းဆင်း မိန့်ခွန်း ပြောကြားခဲ့တယ်လို့  ပြောပါတယ်။

Inntakaw People’s Defence Force - IPDF အနေနဲ့ အပတ်စဉ် ၂ အခြေခံစစ်သင်တန်းကို ဆက်လက်ဖွင့်ဖို့ရှိပြီး တပ်ဖွဲ့ဝင်သစ်တွေကို ကြိုဆိုနေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #အင်းတကော် #အခြေခံစစ်သင်တန်း #သင်တန်းဆင်းပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10