ပျူစောထီးစခန်းကို တိုက်ခိုက်ပြီး သေနတ်နဲ့ အသုံးဆောင်တချို့ သိမ်းဆည်း

ပျူစောထီးစခန်းကို တိုက်ခိုက်ပြီး သေနတ်နဲ့ အသုံးဆောင်တချို့ သိမ်းဆည်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ပျူစောထီးစခန်းကို ဧပြီ ၁ ရက် ဒီမနက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ သေနတ်တလက်နဲ့ ကျည်ဆန်တွေအပါအဝင် စစ်အသုံးဆောင်တချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ Anyar Federal Task Force (AFTF)ထံမှ သိရသည်။ 

မြင်းခြံမြို့နယ်၊ သဲဖြူဝကျေးရွာအုပ်စု၊ ကျောက်ကုန်းကျေးရွာမှာ စစ်သား ၂ ဦး၊ ရဲ ၁ ဦးနဲ့ ပျူစောထီးအပါအဝင် အင်အား ၁၅ ဦးခန့်နဲ့ တပ်စွဲထားတဲ့ စခန်းကို ဒီနေ့မနက် ၅ နာရီလောက်မှာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

စခန်းကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ Shotgun 9 bore သေနတ် ၁ လက်နဲ့ ကျည်ဆန် ၇၆ တောင့်၊ ကျည်ကာအင်္ကျီတထည်၊ ဖုန်း ၂ လုံး၊ ဂစ်တာ ၁ လက်၊ လေးခွ ၁ လက်နဲ့ ဂျင်ကလိ ၁၀ ချောင်းတို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

“သူတို့က သုံးလေးချက် ပြန်ပစ်ပြီး ပြေးတာမှာ စခန်းထဲက သေနတ်တွေ သိမ်းနိုင်ခဲ့တာ။ ပျူတွေဘက်က ထိခိုက်မှုတွေရှိနိုင်တယ်” လို့   Anyar Federal Task Force (AFTF) တာဝန်ခံကိုလီယိုက ပြောပါတယ်။ 

တိုက်ခိုက်နေချိန် မြင်းခြံမြို့ဘက်ကနေ စစ်ကူရောက်လာလို့ စခန်းကို မီးရှို့ ပြန်ဆုတ်လာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Anyar Federal Task Force(AFTF)၊ မိုရှေဒါယန်ပြောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်  ၈၊ အမေ့လက်ရုံး ပြောက်ကျားတပ်ဖွဲ့နဲ့  Justice Warriors Forceတို့ ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Anyar Federal Task Force(AFTF)အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၇ ရက်ကလည်း မြင်းခြံမြို့နယ်၊ တောပုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို အခြား မဟာမိတ်တွေနဲ့ပေါင်းကာ ဗုံးသီးချတိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - သိမ်းဆည်းရမိသည့် သေနတ်နှင့် စစ်အသုံးအဆောင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံ #ပျူစောထီး #ကျည်ဆန် #စခန်းသိမ်း #AnyarFederalTaskForce #AFTF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10