ပေါင်းတည်မှာ ၉ နှစ်အရွယ်ကလေးတဦး ရေနစ်သေဆုံး

ပေါင်းတည်မှာ ၉ နှစ်အရွယ်ကလေးတဦး ရေနစ်သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ ဧပြီလ ၁ ရက် မနေ့က ညနေ ၅ နာရီလောက်က ကလေးတဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

သေဆုံးသူဟာ ပေါင်းတည်မြို့၊ ၃၉ လမ်း အရှေ့ပိုင်းမှာနေတဲ့ Grade 2 စာမေးပွဲဖြေဆိုထားတဲ့ အသက် ၉ နှစ်အရွယ် မောင်ရဲရင့်ထွန်းဖြစ်ပြီး သရက်တောချောင်းရိုးထဲမှာ ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

“ကလေးတွေ ရေကူးကစားရင်းဖြစ်ကြတာ။ မသွားဖို့တားနေတဲ့ကြားက ဖြစ်သွားတာ။ ဆည်ရေတွေလည်း လွှတ်ထားတာလေ။ သေပြီဆိုတော့ တလမ်းလုံး ငိုသံတွေနဲ့ဆူညံသွားတာပဲ” လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

ကလေးငယ်အလောင်းကို မနေ့ ညနေပိုင်းမှာ ပေါင်းတည်ဆေးရုံကို ပို့ဆောင်ပြီးမှ နေအိမ်ကို ပြန်သယ်သွားတာလို့ ဆိုပါတယ်။

မောင်ရဲရင့်ထွန်းကို ဧပြီလ ၂ ရက် ဒီနေ့ ညနေ ၃ နာရီခွဲမှာ ပေါင်းတည်မြို့ မြောက်သုဿန်မှာ မီးသင်္ဂြိုလ်မယ်လို့ မြို့ခံ “စေတနာ” နာရေးကူညီမှုအသင်းက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက် နေ့လယ်ပိုင်းကလည်း ပေါင်းတည်မြို့၊ ဟင်္သာကန်ရပ်ကွက်က Grade 9 စာမေးပွဲဖြေနေတဲ့ အသက် ၁၅ နှစ်အရွယ် မောင်အောင်သူရကျော ဆည်မြောင်းအတွင်း ရေကူး ကစားရာက ရေနစ်သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #ကလေး #ရေနစ်သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10