ကြို့ပင်ကောက်က စစ်ကောင်စီသတင်းပေးဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရ

ကြို့ပင်ကောက်က စစ်ကောင်စီသတင်းပေးဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူကို  သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ BTZM GBK PDF တပ်ခွဲ - ပဲခူးရိုးမက သတင်းထုတ်ပြန်ထားပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ သင်္ခရိုင်ရွာက အသက် ၄၈ နှစ်အရွယ် ကိုတင်ရှိန်ကို မတ် ၂၈ ရက် မနေ့ည ၇ နာရီလောက်က BTZM GBK PDF နဲ့ နတ်စစ်သည်အဖွဲ့တို့ပေါင်းကာ ရုံးချောင်းရွာအနီးမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ 

“ဒလန်တင်ရှိန်က တောစပ်မှာ လျှို့ဝှက်နေတာကို သတင်းရပြီး ပစ်သတ်ခဲ့တာပါ” လို့ BTZM GBK PDF ရဲ့ တပ်ခွဲမှူး ရဲဘော်တေဇမင်းက ပြောပါတယ်။

ကိုတင်ရှိန်ကို စစ်မေးချိန် BTZM GBK PDF ရဲ့ စခန်းကိုတိုက်ဖို့ စစ်တပ်က ခိုင်းစေတာကြောင့် စုံစမ်းနေတာဖြစ်ကြောင်း ထွက်ဆိုသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ကိုတင်ရှိန်ဟာ ပါးနပ်သူတဦးဖြစ်တာကြောင့် ကျေးရွာသားတွေကို ဒုက္ခပေးတာမျိုး မရှိပေမယ့် စစ်တပ်နဲ့ ပေါင်းကာ သတင်းပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။ 

ကိုတင်ရှိန်ရဲ့အလောင်းကို ဘယ်သူမှ လောက်ရောက်ကောက်ယူတာမျိုးမရှိသေးဘဲ မတ် ၂၉ ရက် ဒီနေ့ မွန်းလွဲပိုင်းအထိ ပစ်သတ်ခဲ့တဲ့နေရာမှာပဲ ‌ရှိနေသေးတယ်လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက် ည ၈ နာရီလောက်ကလည်း BTZM GBK PDF တပ်ဖွဲ့ဟာ ရုံးချောင်းအုပ်စု  အုပ်ချုပ်ရေးမှူး ကိုသောင်းကြည်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - ကိုတင်ရှိန်အလောင်းပုံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာ၀တီခရိုင် #ကြို့ပင်ကောက် #စစ်ကောင်စီ #သတင်းပေး #ပစ်သတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10