ကေဘယ်ကြိုးပြင်ဖို့လာတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုရှိ

ကေဘယ်ကြိုးပြင်ဖို့လာတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုရှိ

ပဲခူးတိုင်း အနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်ထဲက စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်‌ရေးကြိုးကို  ပြန်ဆက်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂ ရက် ဒီမနက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့ဘက်ကနေ အင်အား ၂၅  ဦးခန့်နဲ့ လာတဲ့ စစ်သားတွေကို ထန်းပင်ကုန်းရွာနဲ့ ဝင်သရက်ရွာ ကြားကနေ ဒီမနက် ၉ နာရီလောက်မှာ ပဒေသာမိုင်း ၁၀ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၁ ရက် ည ၁၁ နာရီလောက်က  ဝင်းသရက်ကျေးရွာ ချောင်းကမ်းပါးက ကေဘယ်ကြိုးကို မြေအောက် ပြောက်ကျားတပ်ဖွဲ့က ဖြတ်တောက်ခဲ့တာလို့ ဆိုပါတယ်။

”ဒီကောင်တွေလာမယ်ဆိုတာ သေချာပေါက်သိလို့ မိုင်းဆွဲခဲ့တာပါ။ ပိုင်ပိုင်နိုင်နိုင်ကို တိုက်ခိုက်နိုင်ခဲ့တယ်“ လို့ တပ်ခွဲ ၄ ရဲ့ တပ်ခွဲမှူးရဲဘော်ဒေဝက ပြောပါတယ်။ 

သေဆုံးဒဏ်ရာရ သူတွေကို လူနာတင်ကား ၅ စီးနဲ့ သယ်သွားပြီး အလောင်းတွေကို တိမ်မြုပ်ရွာအနီးက ခမရ ၆ တပ်မှာချထားပြီး ဒဏ်ရာသူတွေကို ရွှေ‌တောင်ကုတင် ၁၀၀  စစ်ဆေးရုံကို သယ်သွားကြောင်း ကင်းထောက်တွေ ဆီက ပြန်သိရတယ်လို့ သူက ဆက်ပြောပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ထုတ်ပြန်တဲ့ သတင်း ထုတ်ပြန်ချက်မှာတော့ မိုင်းဆွဲခံရတဲ့အတွက် စစ်ကောင်စီတပ်သား ၆ ဦးသေကာ ၇ ဦး ပြင်းထန်ဒဏ်ရာရခဲ့ တယ်လို့ ဖော်ပြထားပါတယ်။ 

 မြေအောက်ပြောက်ကြားတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာလည်း  လမ်းလျှောက်နေတဲ့ စစ်သားတွေကြားမှာ မိုင်းပေါက်ကွဲတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၇ ရက်ကလည်း မြေအောက်ပြောက်ကြားတပ်ဖွဲ့ - အုတ်ဖိုဟာ စစ်ကောင်စီတပ်က အခိုင်မာတပ်စွဲ ထားတဲ့ အုတ်ဖိုမြို့နယ် ဗိုလ်ရုံစု စစ်ဆေးဂိတ်ကို တိုက်ခိုက်ခဲ့လို့  စစ်သားအချို့ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါ သေးတယ်။

ပုံစာ - ကေဘယ်ကြိုးကို ဖြတ်တောက်နေပုံနဲ့ မိုင်းဆွဲတိုက်ခိုက်မှုမြင်ကွင်း။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်ဖိုမြို့နယ် #စစ်ဘက်ဆိုင်ရာ #ဆက်သွယ်‌ရေးကြိုး #စစ်ကောင်စီတပ်သား #မိုင်းဆွဲ #သာယာဝတီခရိုင် #မြေအောက်ပြောက်ကျား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10