မြင်းမူမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့  နှစ်ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့  Dog Killers People's Defence Force Myinmu (DK PDF-MMU)ရဲ့  ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မတ် ၃၀ ရက် မနေ့ မနက် ၉ နာရီခွဲ‌လောက်မှာ မြင်းမူမြို့ထဲကနေ မြို့ပြင်ကိုထွက်လာတဲ့ စစ်ကြောင်းကို မြင်းမူမြို့နဲ့ ဝမ်းပြည့်ရွာကြားကနေ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

နှစ်ဘက်ပြန်လှန်ပစ်ခတ်မှု နာရီဝက်လောက် ကြာမြင့်ပြီး ၀မ်းပြည့်ကျေးရွာထဲက စစ်ကောင်စီတပ်တွေက လက်နက်ကြီးငယ်တွေနဲ့ စစ်ကူရောက်လာလို့  PDF ပူးပေါင်းတပ်ဖွဲ့တွေ ပြန်ဆုတ်လာခဲ့ရပြီး အန္တရာယ်ကင်းတယ်လို့ ပြောပါတယ်။

အဲဒီ စစ်ဆင်ရေးမှာ Dog Killers People's Defence Force Myinmu (DK PDF-MMU)၊ မြင်းမူမြို့နယ် အနောက်ခြမ်း ပကဖ နဲ့  Knight commanders (ခွဲ) ၂ မုန်တိုင်း (MMU) မဟာမိတ်အဖွဲ့တွေ ပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၃ ရက်ကလည်း Dog Killers People's Defence Force Myinmu နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့  မြင်းမူမြို့ ရဲစခန်းနဲ့ စီးပွားရေးဘဏ်ကိုလည်း တိုက်ခိုက်ခဲ့ကြပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

 #မြေလတ်အသံ

#မြင်းမူ #စစ်ကောင်စီ #စစ်ကြောင်း #တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10