ပေါင်းတည်က စစ်တပ်သတင်းပေးဆိုသူ အသတ်ခံရ

ပေါင်းတည်က စစ်တပ်သတင်းပေးဆိုသူ အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က စစ်တပ်သတင်းပေးဆိုသူကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF က သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာက အသက် ၄၀ အရွယ် ကိုနိုင်ကြီးဆိုသူကို သစ်ပုတ်ရွာနဲ့ ပြန်ချီတက်ရွာကြားမှာ မတ် ၃၀ ရက်ညနေ ၅ နာရီလောက်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁၊ PPDF တပ်ရင်း၊ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၅ တို့က သေနတ်နဲ့ ၅ ချက် ပစ်ခဲ့တာလို့ ဆိုပါတယ်။

"နိုင်ကြီးက ပြန်ချီတက်(ရွာ)ကနေ လှည်းနဲ့ပြန်လာတာကို ကျနော်တို့အဖွဲ့က စောင့်နေတုန်း သူကလှည်းပေါ်က ခုန်ချပြေးတာကို လိုက်ပစ်တာ။ နေရာမှာပဲ သေတယ်" လို့  ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက ပြောပါတယ်။

အဲဒီနေ့ညမှာပဲ ကိုနိုင်ကြီးရဲ့ အလောင်းကို မိသားစုဝင်တွေက လာသယ်သွားပြီး သင်္ဂြိုဟ်မယ့်နေ့ကိုတော့ မသိရဘူးလို့ သူကဆက်ပြောပါတယ်။

ကိုနိုင်ကြီးဟာ ပျူစောထီးတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မိုင်းကွင်းတွေကိုရှာဖွေပြသတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကို စစ်ကောင်စီတပ်သားတွေဆီ သတင်းပို့စစ်ဆေးခိုင်းတာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ပေါင်းကာ ကျေးရွာ လူငယ်တွေကို စုဆောင်းပေးနေသူလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ် ၂၁ ရက် နေ့လယ်ပိုင်းကလည်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ သဲကုန်းမြို့နယ်၊ ဇီးကုန်းအုပ်စု၊ အုပ်ချုပ်ရေးမှူးနဲ့စာရေးကို သေနတ်နဲ့ပစ်ခဲ့လို့ အုပ်ချုပ်ရေးမှူးသေဆုံးကာ စာရေးကတော့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - သေဆုံးသူ ကိုနိုင်ကြီးအလောင်း။

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #စစ်တပ်သတင်းပေး #အသတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10