ခန့်အောင်

မင်းလှက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

“အရေးကြီး ပစ်မှတ်စာရင်းထဲပါတယ်။ ခုဟာကတော့ မြင့်ဟန်ကို လမ်းကြုံလို့ ရှင်းခဲ့တာ။ ဦးခေါင်းကို ၃ ချက်ပစ်တာ ပွဲချင်းပြီးသေတယ်”

ရေဦးဒေသခံ ၂ ဦးကို စစ်တပ်က လည်လှီးသတ်ခဲ့

“ညပိုင်းမှာ စစ်ကြောင်းထိုးလို့ ပြည်သူတွေ အလစ်ငိုက်ခံရပြီး PDF လို့ ခေါင်းစဉ်တပ်သတ်ဖြတ်သွားတာ”

ဝက်ထီးကန်မှာ ဆည်မြောင်းက စီမံခန့်ခွဲမှုညံ့ဖျင်းလို့ တောင်သူတွေ ပဲမစိုက်ရဘဲ နစ်နာခဲ့ရ

“တာဝန်ရှိသူတွေက တွက်ချက်မှုညံ့ဖျင်းတာလား၊ လယ်သမားတွေကို နှိပ်ကွပ်တာလားတော့ မပြောတတ်ဘူး။ တကယ်ဆို သေချာတွက်ချက်ပေါ့။ သုံးသီး(မိုးစပါး+ မတ်ပဲ+ နွေစပါး) စိုက်ရင်လည်း ရရဲ့သားနဲ့ ရေလွှတ်စောမယ်ပြောတော့ စိုက်ပြီးမှ ရေဝင်လို့ ပဲတွေသေရင် ဆုံးရှုံးမှာစိုးပြီး မစိုက်ကြတာ”

၈ သိန်းပေးပြီး ပြည်သူ့စစ်ထဲအပို့ခံရတဲ့လူငယ် ထွက်ပြေးလို့ စစ်တပ်က ငွေပြန်တောင်း

အောင်လံမြို့ ဇေယျဝတီရပ်ကွက်က အသက် ၂၄ နှစ်အရွယ်ဝန်းကျင် မောင်အောင်မြင့်မြတ်ကို ပြည်သူ့စစ်ထဲဝင်ဖို့ စစ်သား ၂ ဦးက မကွေးမြို့ကို လိုင်းကားနဲ့ ခေါ်သွားချိန် ဖေဖေါ်ဝါရီ ၅ ရက် မနေ့လယ်က ကိုးပင်ရွာထမင်းဆိုင်မှာ ကားရပ်ချိန် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

မတ်ပဲပေါ်ချိန် ၁ တင်းလျှင် ကျပ် ၁ သိန်းကျော်နဲ့ ဈေးကောင်းရနေ

“ခုအတိုင်းဆို တွက်ခြေကိုက်မယ်။ လှိုင်လှိုင်ပေါ်လာမှ စျေးကျသွားမှာကိုတော့ စိုးရိမ်တယ် “

ပေါက်ခေါင်းက ပျူစောထီးခေါင်းဆောင် သေနတ်နဲ့ ပစ်သတ်ခံရ

“ဦးခေါင်းကို သေနတ်နဲ့ တချက်တည်း ပစ်ခဲ့တာ ပွင့်ထွက်သွားတယ် ပွဲချင်းပြီးပဲ”လို့ ၃၆၀၁ PPDF တပ်ရင်းရဲ့ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပန်းတောင်းမှာ ကုန်ကားတစီးမှောက်လို့ ကျပ်သိန်းရာကျော်ပျက်စီးခဲ့

“ဒီလမ်းက မကြာခဏဖြစ်တတ်တယ်။ အခုလည်း ကားက ကုန်းအတက်မှာ အရှိန်များ လမ်းဘေးကျပြီး ပက်လက်လန်သွားတာ။ ကားကတော့ အင်ဂျင်ရော ကိုယ်ထည်ရော ရစရာမရှိဘူး။ ဆုံးရှုံးမှု သိန်းတရာကျော်မယ်လို့ နားလည်သူတွေက ခန့်မှန်းကြတယ်။ အခြားကားဆရာတွေလည်း သတိပြုစေချင်တယ်“

RPG ကိုယ်တိုင်ထုတ် အသုံးပြုနေတဲ့ ADRPA (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ အခြေစိုက်တဲ့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA အဖွဲ့က ကိုယ်တိုင် RPGထုတ်ပြီး အသုံးပြုနေတယ်လို့ ADRPA ရဲ့ ပြန်ကြားရေး ရဲဘော် မင်းညိုက ပြောပါတယ်။

မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်တွေ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်တွေကို ၂ ရက်ဆက်တိုက် မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ပဲခူး၊ ကဝနဲ့ သက္ကလမြို့တို့က ဒေသခံတွေလည်း အသံတိတ်သပိတ်မှာပါဝင်

ပဲခူးတိုင်းအရှေ့ခြမ်း ပဲခူး၊ ကဝနဲ့ သက္ကလမြို့က ဒေသခံတွေလည်း ဖေဖေါ်ဝါရီ ၁ ရက် ဒီနေ့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြည် ပေါင်းတည်နဲ့ ကြို့ပင်ကောက်မြို့က အသံတိတ်သပိတ်မြင်ကွင်း

အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိသတ်မှတ်ထားတာဖြစ်ပြီး ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စရှိသူများကလွဲပြီး အများစုဟာ သူတို့ရဲ့နေအိမ်တွေမှာပဲနေထိုင်ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ငွေနှစ်ထောင် ဆေးပြင်းလိပ်တစည်းပေးပြီး ယောက်ျားကို KIA ဆီ လွှတ်လိုက်တဲ့ ကျောင်းဆရာမ (အမျိုးသမီးကဏ္ဍ)

စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးနောက် စေတနာ့ဝန်ထမ်း မူလတန်းပြ ဆရာမတယောက်ဟာ သူ့ အမျိုးသားကို စစ်ပညာသင်ဖို့ KIA ဆီလွှတ်လိုက်ပါတယ်။ အဲ့ဒီဆရာမကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကျေးရွာတရွာက ကလေးနှစ်ယောက် မိခင် ဒေါ်စန်းမွန်အေး ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးရုံးထဲကို PDF က ဝင်ပစ်လို့ ရာအိမ်မှူးတဦးသေဆုံး

“ရုံးထဲ တဦးထဲဝင်ပြီး ဝင်ဝင်ချင်းတန်းပစ်တာ ရာအိမ်မှူးကတော့ ဦးခေါင်းထိပြီး ပွဲချင်းပြီးသေတယ်။ ကျန်တကောင်ကတော့ ဘယ်ထိမှန်းမသိဘူး ထွက်ပြေးသွားတယ်”

ဝက်လက်ရဲစခန်း ဗုံးသီးချတိုက်ခိုက်ခံရပြီး အဆောက်အဦပျက်စီးမှုရှိ

ဇန်နဝါရီလ ၂၉ ရက် မနေ့က ညနေ ၄ နာရီလောက်က ရဲစခန်းထဲက လက်နက်ရုံကို ဗုံးသီး ၃ လုံးနဲ့ ရဲစခန်းတံခါးပေါက်က ဘန်ကာအနီးကို ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နတ်ရေတွင်းရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့၊ ၂ ကြိမ်ပေါင်း နေအိမ် ၃၈ လုံးပျက်စီး

“တိုက်ပွဲမရှိဘဲကို သပ်သပ်မီးလာရှို့တာ။ နတ်ရေတွင်းကို စစ်တပ်ကမီးရှို့တာ ဒါနဲ့ဆို ၂ ကြိမ်ရှိသွားပြီ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10