ပြည်မြို့က ဟိုတယ်ဟောင်းဝန်းအတွင်း မီးလောင်လို့ အဆောက်အဦ ၂ ခု ပျက်စီး

ပြည်မြို့က ဟိုတယ်ဟောင်းဝန်းအတွင်း မီးလောင်လို့ အဆောက်အဦ ၂ ခု ပျက်စီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ မတ် ၉ ရက် ဒီမနက် ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားပြီး အဆောက်အဦ ၂ လုံး ပျက်စီးသွားတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းပန်းခြံရှေ့၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ပြည်ဟိုတယ်ဟောင်းဝန်းထဲက အဆောက်အဦကနေ မီးစလောင်တာလို့  ဆိုပါတယ်။ 

အဲ့ဒီအဆောက်အဦဟာ ဟိုတယ်ဝန်ထမ်းတွေနေဖို့ ဆောက်လုပ်ထားတဲ့  နှစ်လုံးတွဲအဆောက်အဦဖြစ်ပြီး လက်ရှိမှာ အသုံးပြုခြင်းမရှိဘူးလို့  မြို့ခံတဦးကပြောပါတယ်။

နာရီဝက်ခန့် မီးငြှိမ်းသတ်ခဲ့ရပြီး ဘာကြောင့် မီးလောင်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။ မီးလောင်မှုကြောင့် လူ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ 

ပြီးခဲ့တဲ့ မတ် ၃ ရက်ကလည်း ပြည်မြို့ နဝင်းနယ်မြေ၊ ဖိုးခေါင်လမ်းမှာ မီးလောင်မှုဖြစ်ခဲ့လို့ နေအိမ် ၅ လုံး ပျက်စီးခဲ့ရပါသေးတယ်။ 

ပုံစာ - ပြည်ဟိုတယ်ဟောင်းအတွင်းက မီးလောင်မှုမြင်ကွင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #မီးလောင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10