RPG ကိုယ်တိုင်ထုတ် အသုံးပြုနေတဲ့ ADRPA (ရုပ်သံ)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ အခြေစိုက်တဲ့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA အဖွဲ့က ကိုယ်တိုင် RPGထုတ်ပြီး အသုံးပြုနေတယ်လို့ ADRPA ရဲ့ ပြန်ကြားရေး ရဲဘော် မင်းညိုက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ အခြေစိုက်တဲ့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA အဖွဲ့က ကိုယ်တိုင် RPGထုတ်ပြီး အသုံးပြုနေတယ်လို့ ADRPA ရဲ့ ပြန်ကြားရေး ရဲဘော် မင်းညိုက ပြောပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်တွေကို ၂ ရက်ဆက်တိုက် မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်း ပဲခူး၊ ကဝနဲ့ သက္ကလမြို့က ဒေသခံတွေလည်း ဖေဖေါ်ဝါရီ ၁ ရက် ဒီနေ့မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အသံတိတ်သပိတ်ကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိသတ်မှတ်ထားတာဖြစ်ပြီး ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စရှိသူများကလွဲပြီး အများစုဟာ သူတို့ရဲ့နေအိမ်တွေမှာပဲနေထိုင်ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးနောက် စေတနာ့ဝန်ထမ်း မူလတန်းပြ ဆရာမတယောက်ဟာ သူ့ အမျိုးသားကို စစ်ပညာသင်ဖို့ KIA ဆီလွှတ်လိုက်ပါတယ်။ အဲ့ဒီဆရာမကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကျေးရွာတရွာက ကလေးနှစ်ယောက် မိခင် ဒေါ်စန်းမွန်အေး ဖြစ်ပါတယ်။
“ရုံးထဲ တဦးထဲဝင်ပြီး ဝင်ဝင်ချင်းတန်းပစ်တာ ရာအိမ်မှူးကတော့ ဦးခေါင်းထိပြီး ပွဲချင်းပြီးသေတယ်။ ကျန်တကောင်ကတော့ ဘယ်ထိမှန်းမသိဘူး ထွက်ပြေးသွားတယ်”
ဇန်နဝါရီလ ၂၉ ရက် မနေ့က ညနေ ၄ နာရီလောက်က ရဲစခန်းထဲက လက်နက်ရုံကို ဗုံးသီး ၃ လုံးနဲ့ ရဲစခန်းတံခါးပေါက်က ဘန်ကာအနီးကို ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တိုက်ပွဲမရှိဘဲကို သပ်သပ်မီးလာရှို့တာ။ နတ်ရေတွင်းကို စစ်တပ်ကမီးရှို့တာ ဒါနဲ့ဆို ၂ ကြိမ်ရှိသွားပြီ”
“သူတို့ ၃ ဦးစလုံးက နိုင်ငံရေးနဲ့ပတ်သက်မှု မရှိဘူး။ ကြားတာက သူတို့အမျိုးထဲမှာ PDF နဲ့ ဆက်နွယ်တဲ့ သူရှိတယ်ဆိုပြီး ဖမ်းသွားတာ။ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရဘူး။ မိသားစုလည်း တွေ့ခွင့်မရဘူး“
“အဲ့ရွာမှာက စစ်သားတွေက ယာယီတပ်စွဲလိုက်၊ ထွက်သွားလိုက်နဲ့ နေတာ။ ဘယ်ချိန်ဝင်ပြီး ဘယ်ချိန်ထွက်မှန်း မသိရဘူး။ မနက်ကပဲ လက်ကျန်စစ်သားတွေနဲ့ အလောင်းကို ပေါက်ခေါင်းဘက်ကို ကား ၂ စီးနဲ့ သယ်သွားတယ်။ အဲ့ဒီရွာမှာ စစ်သားလက်ကျန် မရှိတော့ဘူး”
"၂ ကောင်လောက်ကတော့ ပွဲချင်းပြီးသေတယ်။ ၃ ကောင်ကတော့ ဒဏ်ရာရတယ်။ အဲ့ ၃ ကောင်ကို သတင်းပွမှာစိုးလို့ ဆေးရုံမတင်ဘဲ စခန်းထဲကို ပြန်ခေါ်သွားတယ်လို့ သတင်းရတယ်"
“သက်သက်မဲ့ကို စစ်တပ်က မီးရှို့နေတာ။ တော်တော်ယုတ်မာတယ်ဗျာ။ သူတို့က PDFကို မနိုင်တော့ ရွာသား လာအပြစ်ရှာနေတဲ့ သူတို့ရဲ့ အကုသိုလ်အကျိုးတော့ ပြန်ခံရမှာပေါ့“
”သေနတ်နဲ့ ၄ ချက်ပစ်ခဲ့တာ။ ပွဲချင်းပြီး သေသွားပါတယ်။ ဒါပေမယ့် မဆိုင်တဲ့ ပြည်သူတွေဝိုင်းလာလို့ အပေါ်ကိုထောင်ပြီး ၁၅ ချက်လောက် ဆွဲခဲ့ရတယ်။ အဲ့ဒါမှ ရှင်းသွားတာ“
“စစ်ကောင်စီဂိတ်က မီးပြပြလေးကို မှန်းပြီး လက်နက်ကြီးနဲ့ အရင်ပစ်တာက ဂိတ်ခြံဝန်းထဲကို ကျပေါက်တော့ စစ်**တွေ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ကျနော်တို့က ဂိတ်ရဲ့ ကိုက် ၅၀ လောက်အထိ အနီးကပ်ဝင်ပြီး လက်နက်ငယ်တွေနဲ့ ပစ်တာ။ သူတို့ ကတုတ်ကျင်းတွေနားတောင်ရောက်တယ်”
“ဆန်ကို လိုသလောက်ဝယ်မရသလို ဈေးလည်းကြီးတော့ စပါးတတင်းကို နှစ်သောင်းနဲ့ဝယ်ပြီး ထောင်းစား နေရတယ်။ လက်ထောင်းမောင်းဆုံတွေနဲ့ ထောင်းစားနေရတာ ရှေးခေတ်ကလိုပေါ့။ ဆန်တပြည်ရဖို့ မိနစ် ၂၀ ကျော်ကြာတယ်” လို့ စစ်ရှောင်တဦးက ပြောပါတယ်။