RPG ကိုယ်တိုင်ထုတ် အသုံးပြုနေတဲ့ ADRPA (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ အခြေစိုက်တဲ့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် ADRPA အဖွဲ့က ကိုယ်တိုင် RPGထုတ်ပြီး အသုံးပြုနေတယ်လို့ ADRPA ရဲ့ ပြန်ကြားရေး ရဲဘော် မင်းညိုက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကစကာ ထုတ်လုပ်တာဖြစ်ပြီး ၆ လက် ထုတ်ပြီးကာ အသုံးပြုနေပြီဖြစ်တယ်လို့ ပြောပါတယ်။ 

ပို့ယမ်းအပေါ်မူတည်ပြီး မီတာ ၃၀၀ ကနေ ၅၀၀ ထိ ပစ်လွှတ်နိုင်တယ်လို့ ပြောပါတယ်။ RPG တလက်ကို ထုတ်လုပ်မှု ကြာမြင့်ချိန် ၁ လဖြစ်ပြီး ကျပ်သိန်း ၆၀ ခန့်ကုန်ကျတယ်လို့ ပြောပါတယ်။

RPG တွေ မထုတ်ခင် ယခင်ကလည်း တလုံးထိုး Shot Gun၊ 9 mm SMG၊ 7.62 Sniper အပြင်  ၆၀ မမ ဗုံးသီးတွေလည်း အမြောက်အများ ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ယင်းမာပင် #ADRPA #RPG #ထုတ်လုပ် #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10