ပေါက်ခေါင်းက စစ်တပ်ဂိတ်ကို PDF တိုက်ခိုက်လို့ သေဆုံးမှုရှိ

ပေါက်ခေါင်းက စစ်တပ်ဂိတ်ကို PDF တိုက်ခိုက်လို့ သေဆုံးမှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၁၊ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ပေါက်ခေါင်းမြို့နယ် ခရိုင်ချင်းဆက်လမ်းပေါ်ရှိ ငါးဘတ်ကုန်းရွာက အင်အား ၂၅ ဦးလောက်ရှိတဲ့ စစ်ကောင်စီဂိတ်ကို ဇန်နဝါရီ ၂၂ ရက် မနက် ၄ နာရီလောက်မှာ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၂၊ ဧရာညီနောင်စစ်ကြောင်းက တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

တိုက်ခိုက်ရာမှာ ၆၀ မမ နှစ်လုံးအပြင် ၄၀ မမ နှစ်လုံးနဲ့ အရင်ပစ်ပြီးမှ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး  စစ်သား ၃ ဦးသေကာ ၃ ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီဂိတ်က မီးပြပြလေးကို မှန်းပြီး လက်နက်ကြီးနဲ့ အရင်ပစ်တာက ဂိတ်ခြံဝန်းထဲကို ကျပေါက်တော့ စစ်**တွေ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ကျနော်တို့က ဂိတ်ရဲ့ ကိုက် ၅၀ လောက်အထိ အနီးကပ်ဝင်ပြီး လက်နက်ငယ်တွေနဲ့ ပစ်တာ။ သူတို့ ကတုတ်ကျင်းတွေနားတောင်ရောက်တယ်” လို့ ပြည်ခရိုင်သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စတင်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဂိတ်ဘက်က ရုတ်တရက် ပြန်လည်ပစ်ခတ်နိုင်တာမျိုးမရှိဘဲ ၅ မိနစ်လောက်ကြာမှ လက်နက်ငယ်တွေ ၄၀ မမ တွေနဲ့ပြန်ပစ်နိုင်တာလို့ သူက ဆက်ပြောပါတယ်။ 

တိုက်ခိုက်မှုအပြီး မနက် ၅ နာရီခွဲ‌လောက်မှာ စစ်ကောင်စီတပ်ဟာ ပေါက်ခေါင်းမြို့ကနေ ဆိုင်ကယ် ၂ စီး၊ ကား ၁ စီးနဲ့ ရောက်လာပြီး  အလောင်းနဲ့ ဒဏ်ရာရသူတွေကို ပေါက်ခေါင်းမြို့ဘက် ပြန်သယ်သွားတာကို ကင်းထောက်တွေဆီက ပြန်ကြားရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပေါက်ခေါင်းမြို့နယ်၊ လက်ကြီးရွာမှာလည်း ဒီဇင်ဘာလကုန်လောက်ကစတင်ကာ အင်အား ၃၀ လောက်နဲ့ အထိုင်စခန်းထပ်မံချထားပြီး နယ်မြေထိစပ်နေတဲ့ ပေါင်းတည်မြို့နယ်ထဲကို ဇန်နဝါရီ ၁၂ ရက်က  လက်နက်ကြီးနဲ့ပစ်ခတ်ရာ နတ်ရေတွင်းရွာက နေအိမ်တလုံးပေါ်ကျရောက်ခဲ့လို့ ပျက်စီးခဲ့ရပါသေးတယ်။

ပုံစာ - တိုက်ခိုက်ဖို့သွားနေသည့် ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်များ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက် #ပေါက်ခေါင်းမြို့  #စစ်ကောင်စီ #ဂိတ်စခန်း #ပြည်ခရိုင်တပ်ရင်း  #၃၆၀၁ #ပေါင်းတည်မြို့နယ် #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10