ခန့်အောင်

PDF နဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာက ရွာ ၂ ရွာကို စစ်တပ်ကမီးတင်ရှို့လို့ နေအိမ် ၂၀၀ ကျော် ပျက်စီး

“ မအူကွင်းကို တနေကုန်ရှို့ပြီး တောင်ခမောက်ကို ညနေပိုင်းကနေ တညလုံးရှို့တာ။ မအူကွင်းက တလုံးစ၊ နှစ်လုံးလောက်ပဲ ကျန်တယ်ပြောတယ်။ တောင်ခမောက်ကတော့ အိမ်ခြေစိပ်တဲ့ ရွာလယ်ပိုင်းက အကုန်ပါတယ်။ သုံးပုံ နှစ်ပုံလောက် မီးထဲပါတယ်ပြောတယ် ဘယ်သူမှတော့ သွားမကြည့်ရဲဘူး”

ပဲခူးရိုးမတောင်ခြေက တိတ်ဆိတ်သွားတဲ့ ခေါင်းလောင်းသံ (အက်ဆေး)

၂၀၂၃ ဒီဇင်ဘာ ၃၀ ရက်မှာတော့ ဆရာက သူအားကြိုးမာန်တက် ထူထောင်ထားတဲ့ ကျောင်းလေးသတင်းကို ကျနော်မမေးဘဲ မက်ဆက်ဂျာကနေ ပြောတယ်။ ဖုန်းဆက်ပြောတာမဟုတ်လို့ သူ့အသံကို မကြားရပေမယ့် သူရေးထားတဲ့ စာသားမှာ ခံစားချက်တွေ အပြည့်ပါတာ မြင်သာတယ်။ “သွားပြီ ဆရာရေ။ ကျနော့်ကျောင်းလေး ခွေးတွေ မီးရှို့နေပြီဗျာ"

မင်းလှက စစ်ကောင်စီဂိတ်စခန်း ၂ ရက်ဆက် ဗုံးကြဲခံရပြီး သေဆုံးမှုရှိ

“ပဲခူးတိုင်းအနောက်ခြမ်းမှာ ပထမဆုံး ဒရုန်းနဲ့ တိုက်ခိုက်မှုပါ။ အောင်မြင်မှုရတယ်လို့ ပြောရပါမယ်။ ဆက်လက်တိုက်ခိုက်သွားမှာပါ“

ကြို့ပင်ကောက်က ပျူစောထီးဆိုသူ အသတ်ခံရ

“နားထင်တချက် ဗိုက်ကိုတချက်ထိပြီး ပွဲချင်းပြီးသေသွားတာပါ။ မနေ့ညနေ ၆ နာရီလောက်က စစ်အုပ်စုနဲ့ မိသားစုက အလောင်းလာကောက်သွားတယ်”

လွတ်ငြိမ်းစာရင်းဝင် ပြည်သူ့လွှတ်တော်အမတ်ကို အမှုထပ်ဖွင့်ပြီး ထောင်ပြန်ချ

သာယာဝတီမြို့နယ် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်က လွတ်ငြိမ်းစာရင်းမှာ ပါဝင်ခဲ့ပေမယ့် အိမ်ပြန်ခွင့်မရပဲ ထောင်မှူးက တဆင့် သာယာဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး လက်ကိုလွှဲပြီး ရဲစခန်းမှာချုပ်နှောင်ကာ ခြေချုပ်မှုနဲ့ ထပ်မံအမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

နတ်တလင်းမှာ အရပ်သားတွေကို စစ်မှုထမ်းဖို့ စစ်တပ်က အုပ်ချုပ်ရေးမှူးတွေကတဆင့် တောင်းခံနေ

"ရွာဘက်တွေကတော့ တဦးကို ၃ သိန်းနဲ့ ငှားထည့်ဖို့ အုပ်ချုပ်ရေးမှူးတွေ စီစဉ်နေတယ်ကြားတယ်။ မြို့ပေါ်ရပ်ကွက်တွေတော့ လူစုမပေးနိုင်လို့ ည ၈ နာရီကျော်ထွက်တဲ့သူကို ဖမ်းဖို့ အဲဒီအစည်းဝေးမှာပဲ အုပ်ကြီးတွေကပြောတယ်”

ဖဲဝိုင်းတိုက်ခိုက်ခံရလို့ ပျူစောထီးနဲ့ လုံခြုံရေးစစ်သားအပါ ၅ ဦးသေဆုံး (ရုပ်/သံ)

အုတ်ဖိုမြို့နယ် မြောင်ကျေးရွာက အိမ်တအိမ်မှာဖဲရိုက်နေတာကို ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီလောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြောင်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ ကိုကျော်ကိုကိုအပါ ပျူစောထီး ၄ ဦးနဲ့ စစ်သား၁ ဦးသေဆုံးခဲ့တာပါ။ တိုက်ခိုက်မှုဟာ ၁၀ မိနစ်လောက်သာကြာမြင့်ပြီး နေအိမ်အတွင်း ရှင်းလင်းရှာဖွေချိန်ကလည်း ၅ မိနစ်လောက်သာကြာမြင့်တယ်လို့ ဗိုလ်တောက်တဲ့က ပြောပါတယ်။

စစ်အုပ်စုလုံခြုံရေးယူထားတဲ့ ဖဲဝိုင်းကို ဝင်တိုက်လို့ ပျူစောထီး ၄ ဦးအပါ ၅ ဦးသေဆုံး

“ကျော်ကိုကိုက ပြီးခဲ့တဲ့လ(ဒီဇင်ဘာလ) ကတည်းက ၆၆ အင်းမတပ်မှာ ပျူစောထီး သင်တန်းတက်ပြီး ပျူစောထီးစစ်သင်တန်းဆရာလည်းဖြစ်လို့ ပြည်သူတွေရဲ့ သတင်းပေးဖို့ချက်နဲ့ စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်ခဲ့တာပါ”

သာယာဝတီထောင်ကလွှတ်လိုက်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ပြန်ဖမ်းထား

“ အခုက သာယာဝတီရဲစခန်းထဲမှာ ချုပ်ထားတယ်။ ဒီမနက် (ဇန်နဝါရီ ၅)အထိ မိသားစုနဲ့ ပေးမတွေ့ဘူး။ ဦးအောင်မြင့်က လွတ်ရက်စေ့ဖို့ ရက်ပိုင်းပဲလိုတော့တာ”

ပေါင်းတည်နယ်၊ တောင်ခမောက်ရွာကို စစ်တပ်က ဒုတိယအကြိမ်မီးရှို့

“စစ်*တွေလာပြီး မီးရှို့သွားတာပါ။ အိမ်ကြီးအိမ်ကောင်းတွေကို ရွေးရှို့သွားတာပါ”

ပေါင်းတည်ထောင်က ပြန်လွတ်လာသူ ၈၁ ဦးမှာ နိုင်/ကျဥ်းတွေမပါ

"ပြန်လွတ်ဖို့ သုံးလဝန်းကျင်လောက်ပဲ ကျန်တော့တဲ့ နိုင်ငံရေးအကျဥ်းသားတွေ မပါဘူး။ ရာဇဝတ်မှုနဲ့ ကျတဲ့သူတွေပဲ လွတ်တာ"

နတ်တလင်းမှာ မိုင်းထိလို့ အမျိုးသားတဦးသေဆုံး

“ မိုင်းကွဲသံ အကျယ်ကြီးတချက်ကြားလိုက်တယ်။ မကြာဘူး လိမ်ပင်ကုန်းရွာဘက်က စစ်**စက်လှေတစီး ထွက်လာတာလည်းမြင်လိုက်တယ်။ ကူညီချင်ပေမယ့် မသွားရဲဘူး”

၁ လအတွင်း ၆ နှစ်အရွယ်ကလေးတဦးအပါ ဒေသခံ ၁၃ ဦးကို စစ်တပ်ကဖမ်းဆီးပြီး ၂ ဦးကိုပြန်လွှတ်ခဲ့

“စစ်တပ်က အနိုင်ကျင့်ပြီး သူတို့ အလိုမကျရင်ဖမ်းဆီးတာမျိုးတွေ လုပ်နေတာကို တွေ့ရတယ်။ အသက်မပြည့်တဲ့ ကလေးတွေပါ မချန်ဘူးဆိုတော့ စာနာစိတ်ကင်းမဲ့နေတယ်။ တချိန်မှာ ဥပဒေကြောင်းနဲ့ ရင်ဆိုင်ရမယ်”

ပဲခူးရိုးမအစပ်မှာ စစ်တပ်က စစ်ကြောင်းထိုးကာ ပြည်သူတွေကိုသတ်ပြီးရွာတွေကိုမီးရှို့နေ (ရုပ်သံ)

ပဲခူးရိုးမအစပ် နတ်တလင်းမြို့နယ်ထဲက ရွာတွေကို ဒီဇင်ဘာလ ၁၉ ရက်ကနေ ၃၁ ရက်အထိ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့လို့ နေအိမ်ပေါင်း ၃၀၀ နီးပါး၊ စစ်ရှောင်တဲနဲ့ ယာတဲပေါင်း ၁၀၀ ကျော် မီးလောင်ပျက်စီးကာ ဒေသခံပြည်သူ ၇ ဦးသတ်ခံရပြီး အမျိူးသား ၃ ဦးထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

"အဆုံးထိတော်လှန် ပြည်သူ့အားမာန်" (Photo News)

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်း၊ လက်ပံတောင်းဒေသ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေလည်းပါဝင်ပြီး "အဆုံးထိတော်လှန်ပြည်သူ့အားမာန်၊ စစ်ခွေးထွက်ပြေး ၂၀၂၄" စာသားအပါအ၀င် တော်လှန်ရေးဆောင်ပုဒ်တွေရေးသားတဲ့ ဘန်နာတွေကို ကိုင်ဆောင်ပြီး သပိတ်စစ်ကြောင်းလှည့်လည်ခဲ့ကြတာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10