နတ်မောက်က အုပ်ချုပ်ရေးမှူးတဦး အသတ်ခံရ

နတ်မောက်က အုပ်ချုပ်ရေးမှူးတဦး အသတ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦးကို သုတ်သင်ခဲ့တယ်လို့ နတ်မောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

နတ်မောက်မြို့နယ်၊ ကုလားရှင်စံပြကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသက် ၅၅ နှစ်ဝန်းကျင် ကိုခင်မောင်ဌေး(ခ)သာဌေးကို ဖေဖေါ်ဝါရီ ၁၂ ရက် မနေ့ညနေ  ၆ နာရီခွဲလောက်က သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။

 

သူ့အိမ်ထဲကို တော်လှန်‌ရေးတပ်ဖွဲ့တွေ ဝင်ဖို့ ကြိုးစားတုန်း ဓါးနဲ့ ခုခံမယ်လုပ်လို့ လမ်းပေါ်ဆွဲထုတ်ပြီး ဦးခေါင်းကို သေနတ်နဲ့ ပစ်ပြီး နံကြားကို ဓါးနဲ့ထိုးခဲ့တာ ပွဲချင်းပြီးပဲ” လို့ နတ်မောက်တော်လှန်ရေးအင်အားစုဝင်တဦးက ပြောပါတယ်။

 

ကိုခင်‌မောင်ဌေးကို ရှင်းလင်းအပြီးမှာ သူ့(ခင်မောင်ဌေး)ကို ကြိုးကိုင်နေသူလို့ သတင်းထွက်နေတဲ့  တရွာတည်းသား ကိုနေဝင်းကို ထပ်မံရှင်းလင်းဖို့ သွားရောက်ခဲ့ပေမယ့် အခက်အခဲအချို့ကြောင့် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

 

ကိုခင်‌မောင်ဌေးဟာ စစ်ကောင်စီနဲ့ ပေါင်းကာ ရပ်ရွာလူထုကို နည်းမျိုးစုံနဲ့ စစ်ကောင်စီအလိုကျ လုပ်ဆောင်တာတွေရှိပြီး သူ့ကြောင့်ရွာသားတွေ ထောင်ထဲရောက်တာ အိမ်ချိပ်ပိတ်ခံရတာတွေလည်းရှိတဲ့အပြင် ပျူစောထီး စုဆောင်းတာနဲ့ လက်ရှိ စစ်ကောင်စီကထုတ်တဲ့  စစ်မှုထမ်းဥပ‌ဒေကို အကြောင်းပြုကာ စစ်သားစုဆောင်းဖို့ ပြင်ဆင်နေလို့ ရှင်းလင်းခဲ့တာြဖစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီတိုက်ခိုက်မှုကို နတ်မောက်တော်လှန်ရေးအင်အားစုနဲ့ ရွှေညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ပန်းတောင်း)တို့ ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်ကလည်း နတ်မောက်မြို့နယ် ကုလားရှင်စံပြကျေးရွာက စစ်ကောင်စီဂိတ်ကို အဖိနှိပ်ခံပြည်သူ့ကာကွယ်ရေးအင်အားစုက တိုက်ခိုက်ခဲ့ကြပါသေးတယ်။

 

 

စာတည်း-လင်းဇေ

 

#မြေလတ်အသံ

 

#မကွေးတိုင်း #နတ်မောက်မြို့ #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #သုတ်သင် #တော်လှန်ရေးတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10