ပေါက်ခေါင်းက ပျူစောထီးခေါင်းဆောင် သေနတ်နဲ့ ပစ်သတ်ခံရ

ပေါက်ခေါင်းက ပျူစောထီးခေါင်းဆောင် သေနတ်နဲ့ ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်က ပျူစောထီးခေါင်းဆောင်ဆိုသူကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ၃၆၀၁၊ PPDF တပ်ရင်း တာဝန်ရှိသူဆီက သိရပါတယ်။

ပေါက်ခေါင်းမြို့နယ်၊ တောင်လတ်ကြီးကျေးရွာက အသက် ၆၀ နှစ်ဝန်းကျင် ကိုငမြကို ဖေ‌ဖေါ်ဝါရီ ၃ ရက် ည ၉  နာရီလောက်က သူ့ရဲ့နေအိမ်မှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ပြောပါတယ်။

“ဦးခေါင်းကို သေနတ်နဲ့ တချက်တည်း ပစ်ခဲ့တာ ပွင့်ထွက်သွားတယ် ပွဲချင်းပြီးပဲ”လို့ ၃၆၀၁ PPDF တပ်ရင်းရဲ့ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အလောင်းကို ဖေဖေါ်ဝါရီ ၄ ရက် မွန်းလွဲပိုင်းမှာ တောင်လတ်ကြီးရွာသားတွေက ငါးဘတ်ကုန်းရွာကို လှည်းနဲ့ ပို့ဆောင်ပြီး အဲ့ဒီကတဆင့် စစ်အုပ်စုက ပေါက်ခေါင်းဘက်ကို ကားနဲ့ ဆက်သယ်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်ခရိုင်တပ်ရင်း ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ နဲ့ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။

ကိုငမြဟာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးဖွဲ့စည်းရန်အတွက် ဦးဆောင်သူဖြစ်ပြီး  ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကွင်းနေရာတွေကိုပြသတာ၊ ဖြုတ်ယူတာတွေလည်း ပြုလုပ်ပြီး လောင်ကစားဝိုင်းထောင်ကာ စစ်ကောင်စီတပ်ကို လိုင်းကြေးကောက်ပေးတာတွေလည်း ပြုလုပ်နေသူဖြစ်တယ်လို့  ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ကလည်း သဲကုန်းမြို့နယ် အင်ပင်လှရွာက  ပျူစောထီးသင်တန်းဆင်း ကိုမောင်မောင်လွင်ကို ပေါင်းတည်မြို့နယ် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၃ က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #ပေါက်ခေါင်း #ပျူစောထီး #PPDF #ပြည်သူ့ကာကွယ်ရေးတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10