မင်းလှက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

မင်းလှက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ထားပါတယ်။

မင်းလှမြို့နယ်၊ ရွှေဝါမြိုင်အုပ်စု အုပ်ချုပ်ရေးမှူး အသက် ၆၄ နှစ်အရွယ် ကိုမြင့်ဟန်ကို ဖေဖေါ်ဝါရီ ၉ ရက် ဒီမနက် ၁၁ နာရီခွဲလောက်က ရန်ကုန် - ပြည်လမ်းရှိ ရွှေဝါမြိုင်ဘုန်းကြီးကျောင်းအနီးမှာ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ မှ ရဲဘော်တွေက ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“အရေးကြီး ပစ်မှတ်စာရင်းထဲပါတယ်။ ခုဟာကတော့ မြင့်ဟန်ကို လမ်းကြုံလို့ ရှင်းခဲ့တာ။ ဦးခေါင်းကို ၃ ချက်ပစ်တာ ပွဲချင်းပြီးသေတယ်”လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက် က ပြောပါတယ်။

ပစ်ခတ်ပြီးနောက်မှာ အလောင်းကို စစ်ကွင်းရွာ ပရဟိတအသင်းကားနဲ့ စစ်ကွင်းဆေးရုံကို သယ်သွားတယ်လို့ ဆိုပါတယ်။

ကိုမြင့်ဟန်ဟာ ‌အုပ်စုအတွင်း ပြည်သူ့စစ်သင်တန်းတက်ရောက်ဖို့ လူငယ်တွေကို စည်းရုံးတာ စစ်ကောင်စီတပ်တွေဆီ သတင်းပေးပြီး လူငယ်တွေကို ဖမ်းဆီးခိုင်းတာအပြင် တော်လှန်ရေး ရဲဘော်တွေရဲ့ သတင်းကို ထောက်လှမ်းသတင်းပို့နေသူလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၅ ရက်မနက်ကလည်း မင်းလှမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းလမ်းပေါ်မှာ ပျူစောထီးလို့ နာမည်ကြီးသူတဦးဖြစ်တဲ့ အသက် ၄၀ အရွယ် ကိုရှိုင်းလင်းအောင်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ  ၅ ရဲဘော်တွေက ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူး #မင်းလှ #အုပ်ချုပ်ရေးမှူး #ရှင်းလင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10