တိုက်ပွဲကျဆုံးရဲဘော်ကို ကောင်းမွန်စွာသင်္ဂြိုဟ်

တိုက်ပွဲကျဆုံးရဲဘော်ကို ကောင်းမွန်စွာသင်္ဂြိုဟ်

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့  ရဲဘော်တဦးကို ဖေဖေါ်ဝါရီ ၁၅ ရက် ဒီနေ့မနက် ၉ နာရီက ကောင်းမွန်စွာ မြေမြုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF)တပ်ရင်း၊ တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်ကျားဟိန်းက ပြောပါတယ်။

ကျဆုံးသူဟာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF)တပ်ရင်း ၃၆၀၁ တပ်ခွဲ ၂ ဧရာစစ်ကြောင်းက ကိုယ်ပိုင်အမှတ် P2 -၃၆၀၁ ၃၉၇ တပ်စိတ်မှူး ရဲဘော်တောင်တန်းဖြစ်ပြီး မိခင်တပ်ရင်းရှိတဲ့ ပေါင်းတည် မြို့နယ်မှာ သင်္ဂြိုဟ်ခဲ့တာလို့ ဆိုပါတယ်။

ရဲဘော်တောင်တန်းဟာ ဖေဖေါ်ဝါရီ ၁၁ ရက် မနက် ၇ နာရီက ‌သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ နဲ့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အုတ်ဖိုမြို့နယ် မင်းလှဆည်ရှင်းလင်းဆောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဝင်တိုက်ချိန် စစ်သားတဦးပစ်တဲ့ သေနတ်ကျည်ထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။ 

“တပ်ရင်းက ရဲဘော်ကျဆုံးတာဖြစ်လို့ တပ်ရင်းက ရဲဘော်တွေအကုန်လုံး မြင်စေချင်တာရယ်ကြောင့် ခက်ခက်ခဲခဲပြန်သယ်ပြီး သင်္ဂြိုဟ်ခဲ့တာပါ “လို့ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်ကျားဟိန်းက ပြောပါတယ်။

တပ်ခွဲ ၂ က ပေးပို့တဲ့ ဗီဒီယိုမှာ ကျဆုံးရဲဘော်ကို တပ်ဖွဲ့ထုံးစံနဲ့အညီ အမိန့်ပြန်တမ်းဖတ်တာ၊ သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်တာကိုလည်း တွေ့ရပါတယ်။ 

ရဲဘော်တောင်တန်းဟာ အသက် ၂၂ နှစ်အရွယ်ရှိကာ လူပျိုတဦးဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တဦးဖြစ်တယ်လို့ သိရပါတယ်။ 

ပုံစာ - ရဲဘော်တောင်တန်းကို သင်္ဂြိုဟ်ပေး မှုမြင်ကွင်း။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်ဖိုမြို့ #တိုက်ပွဲ #ကျဆုံး #ရဲဘော် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10