ရေဦးဒေသခံ ၂ ဦးကို စစ်တပ်က လည်လှီးသတ်ခဲ့

ရေဦးဒေသခံ ၂ ဦးကို စစ်တပ်က လည်လှီးသတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက ဒေသခံအမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်သားတွေက လည်လှီးသတ်ခဲ့တယ်လို့ People’s Defense Comade အဖွဲ့ဆီက သိရပါတယ်။ 

အသတ်ခံရသူတွေဟာ ရေဦးမြို့နယ်၊ ကုက္ကိုစုကျေးရွာက အသက်၂၈ နှစ်အရွယ် ကိုဇော်သိန်းထိုက်နဲ့ အသက် ၃၁ နှစ်အရွယ် ကိုသိန်းသန်းကြွယ်တို့ဖြစ်ပြီး သူတို့ကို ဖေဖေါ်ဝါရီ ၆ ရက်ည ၁၁ နာရီလောက်မှာ အင်အား ၈၀ လောက်ရှိ ခလရ ၇၁ နဲ့ ခမရ ၇၀၈ တပ်မှ စစ်သားတွေက သတ်ခဲ့တာလို့ ဆိုပါတယ်။  

“ညပိုင်းမှာ စစ်ကြောင်းထိုးလို့ ပြည်သူတွေ အလစ်ငိုက်ခံရပြီး PDF လို့ ခေါင်းစဉ်တပ်သတ်ဖြတ်သွားတာ” လို့ ရေဦးမြို့နယ်အခြေပြု People’s Defense Comade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောပါတယ်။

အလောင်းတွေကို ဖေဖေါ်ဝါရီ ၇ ရက်မနက်ပိုင်းမှာ တွေ့ရှိခဲ့ပြီး အဲ့ဒီနေ့မှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကြောင်းကတော့ ဖေဖော်ဝါရီ ၆ ရက်ညတွင်းချင်း ရေဦးမြို့ထဲကို ဝင်ရောက်သွားပြီး ဖေဖော်ဝါရီ ၇ ရက် မနက်မှာ ရေဦးနယ်ထဲ က ငြုတ်တံ၊ ပြည်တော်နဲ့ မုတ်ဆီ စတဲ့ကျေးရွာတွေဘက်ကိုလည်း စစ်ကြောင်းထိုးခဲ့ကာ လက်ရှိမှာ မုတ်ဆီရွာမှာ တပ်စွဲနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း အဲ့ဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်အနောက်ခြမ်းက ကိုယ်ဝန် ၅ လရှိတဲ့ အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံ ၄ ဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။

ဒီစစ်ကြောင်းဟာ အခုနှစ်ဇန်နဝါရီ ၁ ရက်က စတင်ကာ ဖေဖော်ဝါရီ ၆ ရက်အထိ ခင်ဦး၊ ဒီပဲယင်း၊ ရေဦးမြို့နယ်တွေကို လှည့်လည်စစ်ကြောင်းထိုးပြီး ဒေသခံတွေကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့နေတဲ့ ဘီလူးစစ်ကြောင်း ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ - သေဆုံးသူ နှစ်ဦး၏ အလောင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ခင်ဦး #ကုက္ကိုစုရွာ #စစ်ကောင်စီ #ဒေသခံ၂ဦးသတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10