ပေါက်ခေါင်း စခန်းသိမ်းတိုက်ပွဲ ကျည်မလုံလောက်လို့  နောက်ပြန်ဆုတ်ရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီဂိတ်စခန်းကိုသိမ်းဖို့ PDF တွေ ကျည်မလုံလောက်လို့ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့  ပြည်ခရိုင်တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ရဲ့ စခန်းတာဝန်ခံ ဒေါင်းဝေ ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ပေါက်ခေါင်း - အုတ်တွင်းကားလမ်းပေါ်မှာရှိတဲ့ ၅၁ မိုင်း သစ်တောဂိတ်က အင်အား  ၃၀ ကျော်ရှိတဲ့ စစ်ကောင်စီဂိတ်ကို ဖေဖေါ်ဝါရီ ၁၁ ရက်မွန်းလွဲ ၁ နာရီခွဲ‌လောက်က ၆၀ မမ တွေအပြင် လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

အဲဒီလို တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့လည်း ပြောပါတယ်။ PDF တွေဘက်က အဲ့ဒီစစ်ကောင်စီဂိတ်ကို တိုက်ခိုက်ဖို့ အချိန်တပတ်စောင့်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်ခရိုင်တပ်ရင်း ၃၆၀၂၊ ဗိုလ်ဆူးထက် ဦးဆောင်တဲ့ Thaegon PDF တပ်ခွဲ ၄ စွန်ရဲစစ်ကြောင်းနဲ့ အတူ တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁၊ တပ်ခွဲ ၃ နဲ့ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ တို့က အင်အား ၅၀ နဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကလည်း Thaegon PDFတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာ တာဝါတိုင်ကနေ ထွက်လာတဲ့ အင်အား ၂၃ ဦးပါစစ်ကြောင်းကို  မအူကွင်းရွာ အရောက်မှာ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပေါက်ခေါင်း #သစ်တောဂိတ် #စစ်ကောင်စီဂိတ်စခန်း #တိုက်ခိုက် #စခန်းသိမ်းတိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10