မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်တွေ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံရ

မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်တွေ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်တွေကို ၂ ရက်ဆက်တိုက် မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက် မနက် ၉ နာရီလောက်မှာ စစ်အုပ်စုအင်အား ၆၀ လောက်ရှိတဲ့ မြိုင်မြို့မရဲစခန်းကို ဗုံးသီး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ဖေဖေါ်ဝါရီ ၁ ရက်မှာ စစ်ကောင်စီတပ်သားအင်အား ၁၅ ဦး၀န်းကျင်တပ်စွဲထားတဲ့ မြိုင်မြို့နယ် စီမံကိန်းရုံးကို ဗုံးသီး ၁၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ ဗုံးသီး ၂ လုံးဟာ ရဲစခန်းရဲ့အဆောက်အဦနဲ့ အနီးကရဲစခန်းအဆောက်အဦငယ်တလုံးပေါ်ကို ကျရောက်ပေါက်ကွဲတာကိုလည်း မြင်ရပါတယ်။

မောင်းသူမဲ့လေယာဉ်ငယ် ၆ စီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းကို တိုက်ခိုက်ချိန်မှာ စစ်သား ၁ ဦးနဲ့ ရဲ ၃ ‌ဦး ဒဏ်ရာရခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်လက်ျာက ပြောပါတယ်။

မြိုင်မြို့နယ် စီမံကိန်းရုံးတိုက်ခိုက်မှုမှာတော့ စစ်အုပ်စုဘက်က ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုတွေကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ လင်းမြွေမဟာမိတ်တပ်ဖွဲ့ နဲ့ အခြားမဟာမိတ်တွေ ပေါင်းကာ တိုက်ခိုက်ခဲ့တာပါ။ 

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဇန်နဝါရီ ၁၉ ရက်ကလည်း မြိုင်မြို့နယ်ရှိ တွင်းမရွာက ထွက်လာတဲ့ ထောက်ပို့စစ်ကြောင်းကို ပေပါမိုင်းနဲ့ တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ပုံစာ - မြိုင်မြို့မရဲစခန်းကို ကာကွယ်ရေးတပ်များ တိုက်ခိုက်စဉ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10