အုတ်ဖိုမှာ ကျဆုံးတဲ့ PDF ရဲဘော်ကို သင်္ဂြိုဟ်ပြီးစီး (ရုပ်သံ)

 

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ ကျဆုံးခဲ့တဲ့ ရဲဘော်ကို မတ်လ ၄ ရက် မနေ့ ညနေ ၃ နာရီက သင်္ဂြိုဟ်ပြီးစီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ  YOMA GBK PDF က တပ်ခွဲမှူး ကိုကရင်လေးက ပြောပါတယ်။

ကျဆုံးသူဟာ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK - PDF  က အသက် ၂၀ နှစ်အရွယ်ရှိ ရဲဘော်ရောင်ခြည် ဖြစ်ပါတယ်။ 

ရဲဘော်ရောင်ခြည်နဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ မတ်လ ၃ ရက် ညနေ ၃ နာရီဝန်းကျင်က အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးအုပ်စု အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် အသက် ၄၀ နှစ်အရွယ် ကိုတင်အောင်နဲ့ ဇနီးကို ကိုင်းကြီးရွာနေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ဖို့ ဝင်ရောက်စဉ် အုပ်ချုပ်ရေးမှူးပစ်တဲ့ လက်ပစ်ဗုံး ၂ လုံးကြောင့် ရင်ဘတ်တဝိုက်နဲ့ ခြေထောက်တွေမှာ ဗုံးစထိမှန်ဒဏ်ရာရပြီး စခန်းအရောက် ဆေးကုနေစဉ် ကျဆုံးခဲ့တာလို့ တပ်ခွဲမှူးကိုကရင်လေးက ပြောပါတယ်။ပြောပါတယ်။ 

လက်ပစ်ဗုံးနဲ့ ပစ်ခတ်တဲ့ ကိုတင်‌အောင်နဲ့ ဇနီးကိုလည်း ရဲဘော်‌ရောင်ခြည်နဲ့ လိုက်ပါလာတဲ့ PDF ရဲဘော်တွေ အသေပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက် မနက် ၆ နာရီလောက်ကလည်း အုတ်ဖိုမြို့နယ်၊ မင်းလှဆည်ရှင်းလင်းဆောင်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းချိန် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ဧရာညီနောင်စစ်ကြောင်းက ရဲဘော်တောင်တန်း စစ်ကောင်စီတပ်ကပစ်တဲ့ ကျည်ထိကာ ကျဆုံးခဲ့ပါသေးတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #အုတ်ဖိုမြို့နယ် #YOMAGBKPDF #ကျဆုံး #ရဲဘော် #သင်္ဂြိုဟ် #တော်လှန်ရေးအင်အားစု #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10