ပြည်မြို မှာ မီးလောင်လို့ နေအိမ် ၅ လုံးပျက်စီး

ပြည်မြို မှာ မီးလောင်လို့ နေအိမ် ၅ လုံးပျက်စီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ မတ်လ ၃ ရက် မနက် ၁၀ နာရီ‌လောက်က မီးလောင်မှုဖြစ်ပြီး နေအိမ် ၅ လုံး ပျက်စီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြည်မြို့၊ နဝင်းရပ်ကွက် ဖိုးခေါင်လမ်းမဘေးရှိ ဝါးအရောင်းဆိုင်ကနေ စတင်လောင်ကျွမ်းတာလို့ ဆိုပါတယ်။

“မီးလောင်တဲ့အချိန်မှာ အဲ့ဒီအိမ်မှာက လူမရှိဘူး။ မင်္ဂလာဆောင်သွားနေကြတာ။ ဘယ်က စလောင်တာလဲတော့ အတိအကျမသိရဘူး။ အနီးက အထည်ဆိုင်လည်း မီးထဲပါသွားတယ်”လို့ မြို့ခံအမျိုးသားတဦးကပြောပါတယ်။

ပြည်မြို့မီးသတ်တပ်ဖွဲ့နဲ့ အရံမီးသတ်တပ်ဖွဲ့တွေ လာရောက်ငြိမ်းသတ်ခဲ့တာကြောင့် စတင်လောင်ကျွမ်းပြီး ၁၅ မိနစ်အကြာမှာ မီးညွှန့်ကျိုးကာ  ၁၀ နာရီ ၄၅ မိနစ်မှာ ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်ကလည်း ပြည်မြို့၊ သန္ဓေပင်ရပ်ကွက် စန္ဒာရုံဘုန်းတော်ကြီးကျောင်း အနီးမှာ နေအိမ် ၃ လုံး  မီးလောင်ခံခဲ့ရပါသေးတယ်။

ပုံစာ - ပြည်မြို့ဖိုးခေါင်လမ်း မီးလောင်မှုမြင်ကွင်း။

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူး #ပြည် #မီးလောင် #သတင်း #မြေလတ်သတင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10