ပေါက်ခေါင်းမှာ PDF နဲ့ စစ်တပ် တိုက်ပွဲဖြစ်ရာ စစ်တပ်ဘက်မှ သေဆုံးဒဏ်ရာရသူများရှိ

ပေါက်ခေါင်းမှာ PDF နဲ့ စစ်တပ် တိုက်ပွဲဖြစ်ရာ စစ်တပ်ဘက်မှ သေဆုံးဒဏ်ရာရသူများရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့  စစ်ကောင်စီလက်အောက်ခံတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရခဲ့တာတွေရှိတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က မတ်လ ၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပေါက်ခေါင်းမြို့နယ်မှာ ဖေဖေါ်ဝါရီ ၂၉ ရက် မနေ့မွန်းလွဲ ၂ နာရီလောက်က ပြည်ခရိုင်တပ်ရင်း ၃၆၀၁ PPDF တပ်ရင်း Sniper အဖွဲ့နဲ့ တပ်ခွဲ ၁ တို့ဟာ စစ်ကောင်စီတပ်ရှိတဲ့ လှည်းကူးအုပ်စု၊ အောင်သပြေရွာကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံးခဲ့ပါတယ်။

အဲဒီနေ့ ညနေ ၆ နာရီလောက်မှာလည်း အောင်သပြေရွာကနေ  ရွာပြင်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်ခရိုင် ၃၆၀၁ PPDF တပ်ရင်းက တပ်ခွဲပေါင်းစုံစစ်ကြောင်းနဲ့ ပြည်ခရိုင် ၃၆၀၂ PDFတပ်ရင်း တပ်ခွဲ ၃ တို့ပေါင်းပြီး ၁ နာရီဝန်းကျင် တိုက်ခိုက်ရာမှာလည်း စစ်သား ၃ ဦး ထပ်မံသေဆုံးတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် ဖေဖေါ်ဝါရီ ၂၈ ရက် ညနေ ၅ နာရီလောက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း Sniper အဖွဲ့နဲ့ တပ်ခွဲ ၁ တို့က တိုက်ခိုက်ရာမှာလည်း စစ်ကောင်စီစစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့  ဖော်ပြထားပါသေးတယ်။ 

မတ် ၁ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်ဟာ အောင်သပြေရွာကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး  မည်သည့်နေရာကို သွားရောက်မယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ 

အလားတူ ဖေဖော်ဝါရီ ၂၈ ရက်မှာလည်း PDF နဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ ၃ မှ ရဲဘော်တဦးသေဆုံးပြီး ဒဏ်ရာရသူတချို့လည်းရှိခဲ့တယ်လို့ ဆိုပါ တယ်။ 

သေဆုံးသွားတဲ့ ရဲဘော်အလောင်းကို ရှာဖွေနေဆဲဖြစ်လို့ ကျည်ထိမှန်ခဲ့တဲ့ နေရာကို ပြောပြလို့ မရသေးဘူးလို့  ၃၆၀၁ PPDF တပ်ရင်းက ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်ကတော့  ပေါက်ခေါင်းမြို့နယ်၊ လှည်ကူးအုပ်စုထဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၂ ဧရာညီနောင် စစ်ကြောင်းတို့ တိုက်ခိုက်ချိန် လက်နက်ကြီး ကျည်စထိမှန်လို့ PDF ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပုံစာ - ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ(ပုံဟောင်း)။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း  #ပေါက်ခေါင်း  #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  #စစ်ကောင်စီ  #PPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10